Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တမူးခရိုင်၊ မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် သိမ်းပိုက်၊ ရဲ ၂၁ ဦးကို အရှင်ဖမ်းမိ

တမူးခရိုင်၊ မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် သိမ်းပိုက်၊ ရဲ ၂၁ ဦးကို အရှင်ဖမ်းမိ

0
By Editor on May 11, 2024 Headline

စစ်ကိုင်းတိုင်း တမူးခရိုင်၊ တမူးမြို့နယ်၊ မြို့သစ်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့၏ အခိုင်အမာတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့မေလ ၁၁ ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီလက်အောက်ခံ ရဲ ၂၁ ဦးကိုလည်း အရှင်ဖမ်းဆီးရမိသည်ဟု သိရသည်။

မြို့သစ်မြို့တွင် အခိုင်အမာတပ်စွဲထားသော အမှတ်-၂၂၈ ခြေလျင်တပ်ရင်း (ခလရ-၂၂၈)၊ SNA တပ်မဟာ-၈၉၁ (တပ်ရင်း-၃)၊ ကသည်းတပ်ဖွဲ့၊ ရဲ နှင့် ပျူစောထီး ပူးပေါင်းအင်အား (၂၅၀) ခန့်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မေလ ၇ ရက် နံနက် ၅ နာရီမှစတင်တိုက်ခိုက်ခဲ့ပြီးနောက် မေလ ၁၁ ရက်နေ့ မှာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု NUG အစိုးရကာကွယ်ရေးဝန်ကြီးဌာန အမှတ်-၁ စစ်ဒေသက ယနေ့ညနေပိုင်းတွင်ထုတ်ပြန်သည်။

တမူးခရိုင်ကွပ်ကဲရေးမှူးက ဦးစီးပြီး တမူးခရိုင် တပ်ရင်း-၂၊ အထူးလှုပ်ရှား တပ်ရင်း-၉၊ ကူကီး အမျိုးသားတပ်မတော် KNA(B)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

တမူးမြို့နယ် ပကဖမှ ထောက်ပို့အနေဖြင့် ပါဝင်ခဲ့သည်။

တိုက်ပွဲအတွင်း ရဲ (၂၁) ဦး အလံဖြူပြ လက်နက်ချခဲ့ပြီး သေဆုံးနှင့် ဒဏ်ရာရစာရင်း အတည်မပြုနိုင် သေးကြောင်း အမှတ် – ၁ စစ်ဒေသကထုတ်ပြန်သည်။ ဖမ်းဆီးရမိသူများထဲတွင် စခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်၊ ဒု-ရဲအုပ် ကျော်ကျော်လွင်၊ ဒု-ရဲအုပ် မျိုးသန့်တို့ ပါဝင်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ငယ် (၂၉) လက်၊ ၆၀ မမ (၁၂) လုံး၊ အီနာဂါ (၅) လုံး၊ ရှေ့ထွက်မိုင်း (၁) လုံး၊ Station Jammer (၃) ခု၊ ကျည်အိမ် (၃၄) ခုနှင့် ကျည်အချို့သိမ်းဆည်းရမိသည်ဟု သိရသည်။

ဓာတ်ပုံ – အမှတ် (၁) စစ်ဒေသ

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.