Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တမူး-ခါမ်းပါတ် ကားလမ်းကို စစ်ကောင်စီ ပြန်ဖွင့်

တမူး-ခါမ်းပါတ် ကားလမ်းကို စစ်ကောင်စီ ပြန်ဖွင့်

0
By Editor on June 25, 2024 Khonumthung

(002MG)

စစ်ကိုင်းတိုင်း၊ တမူး- ခါမ်းပါတ်ကားလမ်းပိုင်းအား ၁ နှစ်ခန့်အကြာပိတ်ထားခဲ့ရာမှ ဇွန်လ ၂၂ ရက်နေ့တွင် စစ်ကောင်စီက ကားလမ်းပြန်လည် ဖွင့်ပေးခဲ့သည်ဟု သိရသည်။

အဆိုပါ တမူး-ခမ်းပါတ် ကားလမ်းကို ၂၀၂၃ ခုနှစ် ဇွန်လပိုင်းတွင် တမူးမြို့နယ် ပန်းသာကျေးရွာမှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က စစ်ရေးအခြေအနေကြောင့်ဟုဆိုကာ ဖြတ်သန်းသွား လာခွင့်ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။

“လက်ရှိက ဖွင့်တာလဲမကြာသေးဘူးဆိုတော့ လူတွေတော့ အများကြီးမသွားသေးဘူး၊ ကားတွေက သွားတော့သွားပြီ၊ အခုက သူတို့ကဖွင့်တာ ဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့ဖွင့်တာလဲဆိုတာ စောင့်ကြည့်ရမှာ” ဟု ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် ခါမ်းပါတ်-တမူးကားလမ်းပိုင်းအသုံးပြုနိုင်သာ်လည်း ကလေး-ခါမ်းပါတ်လမ်းပိုင်းအား စစ်ကောင်စီက စခန်းကြီးကျေးရွာရဲစခန်းမှ ပိတ်ထားဆဲဖြစ်သည်ဟု သိရသည်။

ကလေး-ခါမ်းပါတ် ကားလမ်းပိုင်း ပိတ်ထားဆဲဖြစ်သောကြောင့် အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့၊ ခါမ်းပါတ်မြို့သို့ သွားလိုပါက ကလေးမြို့မှ ချင်းတောင်ကတဆင့် လက်ပံချောင်းဘက်ကူးကာ ရာဇဂြိုဟ်မှ ခါမ်းပါတ်သို့ ကွင်းလမ်းဖြင့် ခရီးသွားလာရပြီး ကားခမှာလည်း ၃ သိန်းကျော်ခန့်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.