Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တမူး-ခါမ်းပါတ် ကားလမ်းကို စစ်ကောင်စီ ပြန်ဖွင့်

တမူး-ခါမ်းပါတ် ကားလမ်းကို စစ်ကောင်စီ ပြန်ဖွင့်

0
By Editor on June 25, 2024 Khonumthung

(002MG)

စစ်ကိုင်းတိုင်း၊ တမူး- ခါမ်းပါတ်ကားလမ်းပိုင်းအား ၁ နှစ်ခန့်အကြာပိတ်ထားခဲ့ရာမှ ဇွန်လ ၂၂ ရက်နေ့တွင် စစ်ကောင်စီက ကားလမ်းပြန်လည် ဖွင့်ပေးခဲ့သည်ဟု သိရသည်။

အဆိုပါ တမူး-ခမ်းပါတ် ကားလမ်းကို ၂၀၂၃ ခုနှစ် ဇွန်လပိုင်းတွင် တမူးမြို့နယ် ပန်းသာကျေးရွာမှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က စစ်ရေးအခြေအနေကြောင့်ဟုဆိုကာ ဖြတ်သန်းသွား လာခွင့်ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။

“လက်ရှိက ဖွင့်တာလဲမကြာသေးဘူးဆိုတော့ လူတွေတော့ အများကြီးမသွားသေးဘူး၊ ကားတွေက သွားတော့သွားပြီ၊ အခုက သူတို့ကဖွင့်တာ ဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့ဖွင့်တာလဲဆိုတာ စောင့်ကြည့်ရမှာ” ဟု ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် ခါမ်းပါတ်-တမူးကားလမ်းပိုင်းအသုံးပြုနိုင်သာ်လည်း ကလေး-ခါမ်းပါတ်လမ်းပိုင်းအား စစ်ကောင်စီက စခန်းကြီးကျေးရွာရဲစခန်းမှ ပိတ်ထားဆဲဖြစ်သည်ဟု သိရသည်။

ကလေး-ခါမ်းပါတ် ကားလမ်းပိုင်း ပိတ်ထားဆဲဖြစ်သောကြောင့် အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့၊ ခါမ်းပါတ်မြို့သို့ သွားလိုပါက ကလေးမြို့မှ ချင်းတောင်ကတဆင့် လက်ပံချောင်းဘက်ကူးကာ ရာဇဂြိုဟ်မှ ခါမ်းပါတ်သို့ ကွင်းလမ်းဖြင့် ခရီးသွားလာရပြီး ကားခမှာလည်း ၃ သိန်းကျော်ခန့်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO/ CNDF နှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေးခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.