Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တိုက်ပွဲကြောင့် ပလက်ဝမြို့နယ်က ဒေသခံ ၅၀ဝ ကျော် မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေး

တိုက်ပွဲကြောင့် ပလက်ဝမြို့နယ်က ဒေသခံ ၅၀ဝ ကျော် မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေး

0
By Editor on September 9, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ယခု စက်တင်ဘာလဆန်းပိုင်းကဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၅၀ဝ ကျော်ဟာ တဖက်အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့နယ်ထဲကို ထပ်မံထွက်ပြေးခိုလုံကြရတယ်လို့ သိရပါတယ်။

အိန္ဒိယနယ်စပ်အနီးမှာတည်ရှိတဲ့ ပလက်ဝမြို့နယ် မြိတ်ဝကျေးရွာက စစ်ကောင်စီတပ်စခန်းကို စက်တင်ဘာလ ၁ ရက်နေ့က ရက္ခိုင့်တပ်တော်က သွားရောက်တိုက်ခိုက်ခဲ့ရာကနေတိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့က တိုက်လေ ယာဉ်နဲ့တိုက်ခိုက်မှုတွေရှိလာတာကြောင့် မြိတ်ဝဒေသခံပြည်သူတွေဟာ မီဇိုရမ်ပြည်နယ် လောင်တလိုင်းမြို့နယ်ထဲကို ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတာလို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“သူတို့ရွာမှာတိုက်ပွဲတွေဖြစ်တယ် အဲဒါကြောင့်ထွက်ပြေးလာကြတာ စစ်လေယာဉ်နဲ့ဗုံးတွေ ၂ ခေါက်လာကျဲတယ် အခု တော့ သူတို့နီးစပ်တဲ့ဆွေမျိုးအိမ်မှာပဲတည်းခိုနေကြတယ်” လို့ သူကပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ လောင်တလိုင်မြို့နယ်ထဲက Zochachhuah ကျေးရွာမှာ ၁၁၅ ဦး၊ Hmawngbuchhuah ရွာမှာ ၂၁၀ ဦး၊ Laitlang ရွာမှာ ၁၂၇ ဦး နဲ့ Dumzautlang ရွာမှာ ၁၃၇ ဦး စုစုပေါင်း ၅၈၉ ဦးရှိတယ်လို့ လောင်တလိုင်ခရို င်စစ်ဘေးရှောင်ကော်မတီအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။

လောင်တလိုင်းခရိုင်အတွင်း စစ်ဘေးရှောင်ထပ်မံဝင်လောက်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး Lawngtlai District Level Committee on Myanmar Refugees ကလည်း အစည်းအဝေးတရပ်ခေါ်ယူပြီး စစ်ဘေးရှောင်ပြည်သူတွေ ကူညီထောက်ပံ့ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ယခု အသစ်ထပ်မံရောက်ရှိလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေနေထိုင်ဖို့ ယာယီစစ်ရှောင်စခန်းအတွက် မိုးကာတွေပေးအပ်ဖို့၊ ကျန်းမာရေးစောင့်ရှောက်ဖို့အတွက် Doctors without Borders အဖွဲ့နဲ့ လိုအပ်ရင်လက်တွဲလုပ်ဆောင်ဖို့နဲ့ စစ်ဘေးရှောင်တွေအတွက် စောင် (Blanke)၊ အိမ်သာခွက် (Commode)၊ တကိုယ်ရေသန့်ရှင်းရေးရောဂါကာကွယ်ဖို့ Hygiene kit နဲ့ တခြားလိုအပ်မယ့်အရာတွေပေးအပ်ဖို့ အဲဒီဆွေးနွေးပွဲမှာဆုံးဖြတ်ခဲ့ကြတယ်လို့သိရပါတယ်။

လောလောဆယ်မှာတော့ လောင်တလိုင်းမြို့က ဗဟိုလိုင်းလူငယ်များအသင်း (Central Young Lai Association) အဖွဲ့က စစ်ဘေးရှောင်ပြည်သူတွေစားသောက်ဖို့ ဆန်အိတ် ၅၅ အိတ် ခွဲဝေထောက်ပံ့ထားတယ်လို့ သိရပါတယ်။

ယခုလက်ရှိ လောင်တလိုင်ခရိုင်အတွင်းမှာ မြန်မာနိုင်ငံဘက်က စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း ၅၉၀၉ ဦးရှိပြီး အဲဒီထဲက ၅၈၉ ဦးမှာ ဒီရက်ပိုင်းအတွင်း အေအေနဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲကြောင့် ရောက်ရှိလာသူတွေဖြစ်ကြပြီး ကျန် ၅၃၂၀ ဦးကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုကြောင့် ရောက်ရှိခဲ့သူတွေဖြစ်ကြတယ်လို့ သိရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.