Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တီးတိန်မြို့တွင် သမဝါယမရုံးအပါအဝင် အဆောက်အဦး ၃ လုံးမီးလောင်၊ အရပ်သားတစ်ဦး သေဆုံး

တီးတိန်မြို့တွင် သမဝါယမရုံးအပါအဝင် အဆောက်အဦး ၃ လုံးမီးလောင်၊ အရပ်သားတစ်ဦး သေဆုံး

0
By Editor on October 12, 2022 Headline

ချင်းပြည်နယ် တီးတိန်မြို့ပေါ်တွင် ယမန်နေ့ည ၉ နာရီကျော်ကျော်ခန့်က သမဝါယမရုံးအပါအဝင် အဆောက်အဦး ၃ လုံးမီးလောင်ပြီး ပစ်ခတ်မှုဖြစ်ပွားကာ အရပ်သားတစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

ယမန်နေ့ည ၉ နာရီကျော်တွင် အမည်မသိလက်နက်ကိုင်လူတစ်ချို့က သမရုံးကိုဖောက်ဝင်ပြီးသည့်နောက်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး အခြားသော လူဝင်မှုကြီးကြပ်ရေး (လဝက) ရုံးအဆောက်အဦးနှင့် ဝန်ထမ်းအိမ်ရာတစ်လုံးအပါအဝင် စုစုပေါင်း အဆောက်အဦး ၃ လုံး မီးလောင်ပြာကျသွားခဲ့ခြင်းဖြစ်သည်။

“မနေ့ည ၉ နာရီဝန်းကျင်မှာထင်တယ်၊ သမရုံးဘက်က ခွေးဟောင်သံတွေ တအားကြားရတယ်၊ အဲဒီချိန်မှာ ကျွန်တော်နဲ့ သူငယ်ချင်းတစ်ချို့က သူခိုးထင်ပြီးတော့ စုံစမ်းလိုက်တဲ့အချိန်မှာ သမရုံးအဖောက်ခံရတယ်ပေါ့လေ၊ ကျွန်တော်တို့ လိုက်သွားတဲ့ အချိန်မှာ သူခိုးမဟုတ်ဘဲ လက်နက်ကိုင်တစ်စုလို့ သိရတယ် အဲချိန်မှာ ကျွန်တို့လည်း မလိုက်ရဲဘူးတော့ဘူးပေါ့လေ။ အဲလူတေဝင်သွားပြီးတဲ့နောက်ပိုင်းက စပြီးတော့ သမရုံးကစလောင်သွားတယ်၊ အဲဒီချိန်မှာ ပေါက်ကွဲသံတွေ ဘာမှမကြားရသေးဘူး။ အဲနောက်ပိုင်း ထွေအုပ်ရုံးကွာတာမှာရှိတဲ့ ကျိန်နွဲဧည့်ရိပ်သာမှာ မှန်ကွဲသံတွေ ဗုံးသံ၊ သေနတ်သံ တွေ ပေါက်ကွဲသံတွေ စကြားရတယ်၊ အဲဒီနောက်ပိုင်းမှာ ပေါက်ကွဲပြီးတော့မှ မြို့မရပ်ကွက် အောက်ပိုင်းမှာ ရှိတဲ့ လဝကရုံးက မီးစလောင်တယ်ပေါ့။ ပြီးတော့ လဝကဝန်ထမ်းအိမ်ရာတစ်လုံးလည်း စလောင်သွားတယ်။ နောက်ပိုင်း လူနေအိမ်တစ်ချို့လည်း ပျက်ဆီးတာတွေရှိတယ်” ဟု တီးတိန်မြို့ဒေသခံတစ်ဦးက ပြောသည်။

မီးလောင်မှုဖြစ်ပွားချိန်တွင် တီးတိန်မြို့အခြေစိုက် ၂၆၉ တပ်ရင်းထဲမှ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်မှုကြောင့် လိုင်လိုကျေးရွာက နေအိမ်တစ်အိမ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ အမျိုးသမီးတဦးထိမှန်သေဆုံးခဲ့သည်ဟု သိရသည်။

“တီးတိန်မှာ အခုဟာနှင့်ဆိုရင် ၃ ကြိမ်လောက် ဖြစ်ပြီပေါ့နော်၊ အဓိကနစ်နာတဲ့သူက ပြည်သူပဲဆိုတော့ နစ်နာမှုကလည်း ပြည်သူပဲပေါ့နော်၊ ဒီပေါမှာ ကံဆိုးလို့ဆိုပြီး မပြောချင်ဘူးပေါ့လေ ဒါပေမဲ့ ဘယ်အဖွဲ့က ဘယ်လိုမျိုးပဲလုပ်လုပ် ပြည်သူအတွက်လုပ်တာပဲဆိုတော့ ပြည်သူလူထုနစ်နာမှု အနည်းဆုံးဖြစ်အောင်တော့ လုပ်စေချင်တယ်” ဟု ဒေသခံတစ်ဦးကေ ပြာပါသည်။

ယမန်နေ့ည ပစ်ခတ်မှုကြောင့် ထွေအုပ်ရုံးပိုင်ကားနှစ်စီးထဲမှ တစ်စီးသည်လည်း အနည်းငယ်ပျက်စီးသွားပြီး နောက်တစ်စီးအောက်တွင် မိုင်းထောင်ထားသည့်အတွက် ယနေ့မနက်ကပိုင်းက စစ်သားများက သွားရောက်ရှင်းလင်းခဲ့ကြသည်ဟု ဒေသခံများထံမှ သိရသည်။

တီးတိန်မြို့နယ်အတွင်း လှုပ်ရှားနေသော PDF–ZOLAND ကတော့ အဆိုပါမီးရှို့မှုသည် ၎င်းတို့၏လုပ်ရပ်မဟုတ်ကြောင်း ထုတ်ပြန်ထားပြီး ပြည်သူများအား စိုးရိမ်ထိန်လန့်အောင် လုပ်သည့်အဖွဲ့ကို စုံစမ်းစစ်ဆေးမှုများလုပ်နေကြောင်း သတင်းထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.