Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန်မြို့နယ်က အသက်မပြည့်ကလေး ၈ ယောက်ကို စစ်မှုထမ်းရန် ZRA က ဖမ်းဆီးခေါ်ဆောင်ဟုဆို

တီးတိန်မြို့နယ်က အသက်မပြည့်ကလေး ၈ ယောက်ကို စစ်မှုထမ်းရန် ZRA က ဖမ်းဆီးခေါ်ဆောင်ဟုဆို

0
By Editor on July 8, 2024 Khonumthung

(002MG)

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ တုန်းဇန်ကျေးရွာက အသက်မပြည့်သေးသော ကလေး ၈ ယောက်ကို စစ်မှုထမ်းဆောင်ရန် Zomi Revolutionary Army -Eastern Command (ZRA-EC) က ဇူလိုင်လ ၆ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

တီးတိန်မြို့မှ မိုင် (၂၀) ကျော်ခန့်ဝေးသော တုန်းဇန်ကျေးရွာတွင် ZRA-EC တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၆ ရက် စနေနေ့ က ရောက်ရှိလာပြီးနောက် ရွာထဲက ကလေးငယ်များကို စစ်မှုထမ်းရန် မဲနှိုက်ခိုင်းကာ မဲပေါက်သော အသက် ၁၃ ဝန်းကျင်အရွယ် ကလေး ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။

”ရွာထဲမှာ တအိမ်တက်ဆင်း မဲနှိုက်ခိုင်းပြီး မဲပေါက်တဲ့ကလေးတွေကို ခေါ်သွားတာ၊ အဲ့ထဲမှာ (၄/၅) တန်း ကလေးလေးတွေရှိတယ်၊ မနေ့ကနေစပြီးတော့ ရွာထဲမှာ (၄) တန်းအထက် ကလေးသူငယ် ယောကျာ်းလေးတွေအကုန်လုံး ကြောက်လို့ ထွက်ပြေးကြတယ် ရွာထဲမနေကြဘူး” ဟု တီးတိန်ဒေသခံကပြောသည်။

ZRA-EC တပ်ဖွဲ့က ကလေးငယ်များအား ဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် တုန်းဇန်ကျေးရွာက မိဘပြည်သူများသည် စိုးရိမ်ထိတ်လန့်နေကြသောကြောင့် အခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

အလားတူ တွန်းဇံမြို့နယ် ကျီခါးမြို့ပေါ်အပါအဝင် (Vom) ဝမ်ကျေးရွာ၊ တန့်စောက်လ်ကျေးရွာ၊ ခွာဒမ်ကျေးရွာတို့တွင်လည်း ZRA ထံ စစ်မှုထမ်းရန်အတွက် တစ်အိမ်တက်ဆင်း နာမည်စာရင်း ကောက်ခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ Zomi Revolutionary Army -Eastern Command (ZRA-EC) အဖွဲ့ထံဆက်သွယ်ရန် ကြိုးစားသော်လည်း မရသေးပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.