Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန်မြို့နယ်က အသက်မပြည့်ကလေး ၈ ယောက်ကို စစ်မှုထမ်းရန် ZRA က ဖမ်းဆီးခေါ်ဆောင်ဟုဆို

တီးတိန်မြို့နယ်က အသက်မပြည့်ကလေး ၈ ယောက်ကို စစ်မှုထမ်းရန် ZRA က ဖမ်းဆီးခေါ်ဆောင်ဟုဆို

0
By Editor on July 8, 2024 Khonumthung

(002MG)

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ တုန်းဇန်ကျေးရွာက အသက်မပြည့်သေးသော ကလေး ၈ ယောက်ကို စစ်မှုထမ်းဆောင်ရန် Zomi Revolutionary Army -Eastern Command (ZRA-EC) က ဇူလိုင်လ ၆ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

တီးတိန်မြို့မှ မိုင် (၂၀) ကျော်ခန့်ဝေးသော တုန်းဇန်ကျေးရွာတွင် ZRA-EC တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၆ ရက် စနေနေ့ က ရောက်ရှိလာပြီးနောက် ရွာထဲက ကလေးငယ်များကို စစ်မှုထမ်းရန် မဲနှိုက်ခိုင်းကာ မဲပေါက်သော အသက် ၁၃ ဝန်းကျင်အရွယ် ကလေး ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။

”ရွာထဲမှာ တအိမ်တက်ဆင်း မဲနှိုက်ခိုင်းပြီး မဲပေါက်တဲ့ကလေးတွေကို ခေါ်သွားတာ၊ အဲ့ထဲမှာ (၄/၅) တန်း ကလေးလေးတွေရှိတယ်၊ မနေ့ကနေစပြီးတော့ ရွာထဲမှာ (၄) တန်းအထက် ကလေးသူငယ် ယောကျာ်းလေးတွေအကုန်လုံး ကြောက်လို့ ထွက်ပြေးကြတယ် ရွာထဲမနေကြဘူး” ဟု တီးတိန်ဒေသခံကပြောသည်။

ZRA-EC တပ်ဖွဲ့က ကလေးငယ်များအား ဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် တုန်းဇန်ကျေးရွာက မိဘပြည်သူများသည် စိုးရိမ်ထိတ်လန့်နေကြသောကြောင့် အခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

အလားတူ တွန်းဇံမြို့နယ် ကျီခါးမြို့ပေါ်အပါအဝင် (Vom) ဝမ်ကျေးရွာ၊ တန့်စောက်လ်ကျေးရွာ၊ ခွာဒမ်ကျေးရွာတို့တွင်လည်း ZRA ထံ စစ်မှုထမ်းရန်အတွက် တစ်အိမ်တက်ဆင်း နာမည်စာရင်း ကောက်ခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ Zomi Revolutionary Army -Eastern Command (ZRA-EC) အဖွဲ့ထံဆက်သွယ်ရန် ကြိုးစားသော်လည်း မရသေးပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.