Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တီးတိန်မြို့နယ်တွင် မီးပွားခါစအမျိုးသမီးကို စစ်ကောင်စီတပ်ဖွဲ့များက အဓမ္မပြုကျင့်

တီးတိန်မြို့နယ်တွင် မီးပွားခါစအမျိုးသမီးကို စစ်ကောင်စီတပ်ဖွဲ့များက အဓမ္မပြုကျင့်

0
By Editor on November 17, 2021 Headline

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာ (Aklui Khua) တွင်နေထိုင်သော အသက် ၂၇ နှစ်အရွယ် မီးပွားခါစ အမျိူးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်မှု နိုဝင်ဘာလ ၁၁ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း Chinland Defense Force- Kalay-Kabaw-Gangaw (CDM-Siyin) ၏ ထုတ်ပြန်ချက်အရ သိရသည်။

အပ်လွယ်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့တချိူ့သည် နိုဝင်ဘာလ ၁၁ ရက်ည ၁၁ နာရီဝန်းကျင်ခန့်တွင် အဆိုပါအမျိုးသမီး၏နေအိမ်သို့ဝင်ရောက်ကာ အမျိူသားဖြစ်သူကို ဖမ်းဆီးချုပ်နှောင်ကာ အမျိူးသမီးဖြစ်သူကို လင်ယော ကျာ်းရှေ့တွင် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ည်ဟု Chinland Defense Force- Kalay-Kabaw-Gangaw (CDM-Siyin) ကော်မတီဝင်တစ်ဦးကပြောသည်။

“ ည ၁၁ နာရီဝန်းကျင်မှာ အဓမ္မပြုကျင့်ခံရတဲ့အိမ်ကို စစ်သားသုံးယောက်ဝင်လာပြီး တခါထဲ သူ့ယောင်္ကျားကိုသေနတ်နဲ့ ချိန်ပြီးမှ လေးဖက်ကုန်းသွားခိုင်းပြီးမှ ရေချိုးခန်းမှာ ဝပ်ခိုင်းပြီးမှ လုံးဝခေါင်းကိုမထောင်ခိုင်းဘူး ၊ ခေါင်းထောင်တာနဲ့ ဘေးမှာရှိတဲ့ ကြွေပန်းကန်နဲ့ထု၊ ရှိတဲ့ဟာနဲ့ ထု၊ သေနတ်နဲ့ တယောက်က ချိန်ထား ပြီးမှ ကျန်တဲ့နှစ်ယောက်က အဓမ္မပြု ကျင့်တယ်၊ နောက်သုံးယောက်စလုံးက တစ်ယောက်တလှည့်စီပြုကျင့်တယ်၊ ကာယကံရှင်ကိုယ်တိုင်က ကျွန်တော်တို့စီကို လာတိုင်တာပါ။” ဟု CDM-Siyin ကော်မတီဝင်ကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အဆိုပါအမျိုးသမီးအား ပထမအကြိမ်အဓမ္မပြုကျင့်ပြီးနောက် စစ်ကောင်စီတပ်သား ၂ ဦးမှာ ည ၁၂ နာရီခန့်တွင်ထပ်မံရောက်ရှိလာပြီး ဒုတိယအကြိမ်အဓမ္မပြုကျင့်ကာ အမျိုးသမီး၏ လက်ဝတ်လက်စားများကိုပါ ချွတ် ယူသွားသည်ဟု သိရသည်။

အဓမ္မပြုကျင့်ခံရသည့်အမျိူးသမီးမှာ မီးနေသည်တစ်ဦးဖြစ်ကာ ကလေးမွေးဖွားသည်မှာ ၁ လခွဲခန့်သာရှိသေးပြီး ယင်းဖြ စ်စဉ်ကြောင့် အမျိုးသမီးဖြစ်သူမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်ကာ လက်ရှိတွင် လုံခြုံ ဘေးကင်းရာနေရာတွင် ရွေ့ပြောင်းထား ကြောင်းသိရသည်။

“ သူ့မိဘတွေနဲ့တောင် စကားမပြောရဲဘူးရှက်နေတယ်၊ ပြီးတော့မှ လူလည်းအသိမခံချင်းဘူး စိတ်အားလည််း အရမ်းအား ငယ်တယ်၊ သူ့ယောင်္ကျားကလည်း သူ့မိန်းမကို တအားလည်းသနားနေတယ်” ဟု CDM-Siyin ကော်မတီဝင်ကပြောသည်။

အပ်လွယ်ကျေးရွာသည် တီးတိန်မြို့နှင့် ၂၅ မိုင်ခန့်ကွာဝေးပြီး ကလေးမြို့မှ တီးတိန်မြို့သွားသည့် ကားလမ်းမပေါ် ကနေဒီ တောင်ခြေတွင်ရှိသော ကျေးရွာဖြစ်သည်။ လက်ရှိ ၎င်းကျေးရွာတွင် ရွာသားအားလုံးနီးပါး နီးစပ်ရာကျေးရွာများကို ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယခုအခါအပ်လွယ်ကျေးရွာမှထွက်ခွါသွားပြီး သိုင်ငင်းကျေးရွာတွင် တပ်စွဲထားသည့် အတွက် ဒေသခံပြည်သူများ စိုးရိမ်နေကြသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ယခုကဲ့သို့ စစ်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသော ချင်းအမျိုးသမီးအား အဓမ္မပြုကျင့်သည့် လုပ်ရပ် သည် ချင်းတစ်မျိုးသားလုံးအားစော်ကားခြင်းဖြစ်ပြီး ပြန်လည်လက်တုံ့ပြန်သွားမည်ဟု Chinland Defense Force- Kalay-Kabaw-Gangaw (CDM-Siyin) က ထုတ်ပြန်ထားသည်။

အလားတူ မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း မီးတွင်းနေ သားသည်မိခင်အား စစ်ကောင်စီတပ်ဖွဲ့က အကြိမ်ကြိမ်အဓမ္မပြုကျင့်မှုသည် ချင်းတစ်မျိုးသားလုံးအား စော်ကားခြင်းဖြစ်ပြီး ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.