Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တီးတိန်မြို့ရဲစခန်းမှ ဒု-ရဲအုပ် သေနတ်ပစ်ခံရပြီး သေဆုံး

တီးတိန်မြို့ရဲစခန်းမှ ဒု-ရဲအုပ် သေနတ်ပစ်ခံရပြီး သေဆုံး

0
By Editor on September 6, 2021 Headline

ချင်းပြည်နယ် တီးတိန်မြို့ မြို့မရဲစခန်းက နယ်ထိန်း ဒု-ရဲအုပ် စက်တင်ဘာလ ၄ ရက်ေန့က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်းတွင် သေဆုံးသွားကြောင်း တီးတိန်မြို့ဒေသခံများထံမှ သိရသည်။

“စနေနေ့ကပေါ့ တီးတိန်ကြိုဆိုပါ၏ ကားနဲ့သွားပြီးတော့မှ ဓာတ်ဆီသွားဖြည့်တယ်ထင်တယ် အဲဒီအပြန်မှာ အပစ်ခံရတယ် ဒဏ်ရာရပြီးတော့ စခန်းထိတော့ရောက်တယ် အဲဒီကနေ မနေ့က ကလေးမြို့ပို့ဖို့ အဲဒီကြိုဆိုပါ၏ မရောက်ခင်မှာ ဆုံးသွားတယ်လို့သိရတယ်” ဟု တီးတိန်မြို့ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသူမှာ အသက် ၃၇ နှစ်အရွယ် ဒု-ရဲအုပ်သန်းလင်းဦးဟုသိရပြီး ကျည်ဆံ ၃ ချက်ထိမှန်ကာ သေဆုံးခြင်းဖြစ်သည်ဟု သိရသည်။

ဒု-ရဲအုပ်အား သေနတ်ဖြင့် ပစ်ခတ်သွားသူများမှာ မည်သည့်အဖွဲ့အစည်းဖြစ်သည်ကိုမူ မသိရသေးပေ။

တီးတိန်မြို့တွင် ပြီးခဲ့သည့် သြဂုတ်လနောက်ဆုံးပတ်ကလည်း မြန်မာ့စီးပွားရေးဘဏ်လုံခြုံရေးတာဝန်ကျသည့် ရဲတပ်သား ၃ ဦးကို အမည်မသိလက်နက်ကိုင်သူများက သေနတ်ဖြင့်ပစ်ခတ်သေဆုံးခဲ့သည်။

ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးရှေ့တွင် စက်တင်ဘာလ ၄ ရက်နေ့ညက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.