Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တီးတိန်မြို့ရဲစခန်းမှ ဒု-ရဲအုပ် သေနတ်ပစ်ခံရပြီး သေဆုံး

တီးတိန်မြို့ရဲစခန်းမှ ဒု-ရဲအုပ် သေနတ်ပစ်ခံရပြီး သေဆုံး

0
By Editor on September 6, 2021 Headline

ချင်းပြည်နယ် တီးတိန်မြို့ မြို့မရဲစခန်းက နယ်ထိန်း ဒု-ရဲအုပ် စက်တင်ဘာလ ၄ ရက်ေန့က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်းတွင် သေဆုံးသွားကြောင်း တီးတိန်မြို့ဒေသခံများထံမှ သိရသည်။

“စနေနေ့ကပေါ့ တီးတိန်ကြိုဆိုပါ၏ ကားနဲ့သွားပြီးတော့မှ ဓာတ်ဆီသွားဖြည့်တယ်ထင်တယ် အဲဒီအပြန်မှာ အပစ်ခံရတယ် ဒဏ်ရာရပြီးတော့ စခန်းထိတော့ရောက်တယ် အဲဒီကနေ မနေ့က ကလေးမြို့ပို့ဖို့ အဲဒီကြိုဆိုပါ၏ မရောက်ခင်မှာ ဆုံးသွားတယ်လို့သိရတယ်” ဟု တီးတိန်မြို့ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသူမှာ အသက် ၃၇ နှစ်အရွယ် ဒု-ရဲအုပ်သန်းလင်းဦးဟုသိရပြီး ကျည်ဆံ ၃ ချက်ထိမှန်ကာ သေဆုံးခြင်းဖြစ်သည်ဟု သိရသည်။

ဒု-ရဲအုပ်အား သေနတ်ဖြင့် ပစ်ခတ်သွားသူများမှာ မည်သည့်အဖွဲ့အစည်းဖြစ်သည်ကိုမူ မသိရသေးပေ။

တီးတိန်မြို့တွင် ပြီးခဲ့သည့် သြဂုတ်လနောက်ဆုံးပတ်ကလည်း မြန်မာ့စီးပွားရေးဘဏ်လုံခြုံရေးတာဝန်ကျသည့် ရဲတပ်သား ၃ ဦးကို အမည်မသိလက်နက်ကိုင်သူများက သေနတ်ဖြင့်ပစ်ခတ်သေဆုံးခဲ့သည်။

ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးရှေ့တွင် စက်တင်ဘာလ ၄ ရက်နေ့ညက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.