Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ထန်တလန်မြို့က နေအိမ် ၁၃၀ ကျော် စစ်ကောင်စီတပ်က ထပ်မံမီးရှို့

ထန်တလန်မြို့က နေအိမ် ၁၃၀ ကျော် စစ်ကောင်စီတပ်က ထပ်မံမီးရှို့

0
By Editor on June 2, 2022 Khonumthung

ချင်းပြည်နယ် ထန်တလန်မြို့ပေါ်က လူနေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့က မေလ ၂၄ နဲ့ ၂၆ ရက်နေ့က ထပ်မံမီးရှိုခဲ့မှုကြောင့်အိမ်ခြေ ၁၃၅ အိမ် ထပ်မံလောင်ကျွမ်းပြာကျခဲ့ရတယ်လို့ Thantlang Placement Affairs Committee-IDPs help (TPAC) အဖွဲ့က ယနေ့ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မေလ ၂၄ နဲ့ ၂၆ ရက်နေ့က ထန်တလန်မြို့ပေါ် ကျောင်းရပ်ကွက်နဲ့ ဇုန်မှုန်ရပ်ကွက်ထဲက လူနေအိမ်တွေကို ထပ်မံမီးရှိုခဲ့ကြတာဖြစ်ပြီး ကျောင်းရပ်ကွက်က အိမ်ခြေ ၁၁၆ အိမ်နဲ့ ဇုန်မှုန်ရပ်ကွက်က ၁၉ အိမ် စုစုပေါင်း ၁၃၅ အိမ်ထပ်မံပြာကျခဲ့တာလို့ TPAC ကဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ထန်တလန်မြို့ကို လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်စက်တင်ဘာလကနေ မေလ ၂၆ ရက်နေ့အထိ စုစုပေါင်း ၂၈ ကြိမ်မီးရှို့ခဲ့ကြပြီး ထန်တလန်မြို့ပေါ်က ဘုရားကျောင်း ၈ ကျောင်းအပါအဝင် လူနေအိမ်ခြေ တစ်ထောင်ငါးရာနီးပါး မီးလောင်ပြာကျခဲ့ရပြီးဖြစ်ပါတယ်။

အိမ်ခြေ နှစ်ထောင်ကျော်ရှိပြီး လူဦးရေ တစ်သောင်းဝန်းကျင်ခန့်နေထိုင်တဲ့ ထန်တလန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှု၊ မီးရှို့မှုကြောင့် ဒေသခံပြည်သူအားလုံးဟာလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာကတည်းကနေ နယ်စပ်ဘက်နဲ့ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားတွင် ချင်းအမျိုးသားတစ်ဦး ၃ ထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

နယူးဒေလီမြို့က အဆင့်မြင့်တက္ကသိုလ် ၁၀ ခုနဲ့ ပူးပေါင်းဆောင်ရွက်ရေးသဘောတူလက်မှတ်ရေးထိုးပြီး တက်ရောက်ချင်သော မြန်မာကျောင်းသားများကို ကူညီပေးမည်ဟု CSU ပြော

အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးထိန်းသိမ်းစဉ်မှာ ညှင်းပမ်းနှိပ်စက်မှုကြောင့် သေဆုံးဟု စွပ်စွဲပြောဆိုချက် မဟုတ်မှန်ကြောင်း CNF ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.