Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ထန်တလန်မြို့က နေအိမ် ၁၃၀ ကျော် စစ်ကောင်စီတပ်က ထပ်မံမီးရှို့

ထန်တလန်မြို့က နေအိမ် ၁၃၀ ကျော် စစ်ကောင်စီတပ်က ထပ်မံမီးရှို့

0
By Editor on June 2, 2022 Khonumthung

ချင်းပြည်နယ် ထန်တလန်မြို့ပေါ်က လူနေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့က မေလ ၂၄ နဲ့ ၂၆ ရက်နေ့က ထပ်မံမီးရှိုခဲ့မှုကြောင့်အိမ်ခြေ ၁၃၅ အိမ် ထပ်မံလောင်ကျွမ်းပြာကျခဲ့ရတယ်လို့ Thantlang Placement Affairs Committee-IDPs help (TPAC) အဖွဲ့က ယနေ့ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မေလ ၂၄ နဲ့ ၂၆ ရက်နေ့က ထန်တလန်မြို့ပေါ် ကျောင်းရပ်ကွက်နဲ့ ဇုန်မှုန်ရပ်ကွက်ထဲက လူနေအိမ်တွေကို ထပ်မံမီးရှိုခဲ့ကြတာဖြစ်ပြီး ကျောင်းရပ်ကွက်က အိမ်ခြေ ၁၁၆ အိမ်နဲ့ ဇုန်မှုန်ရပ်ကွက်က ၁၉ အိမ် စုစုပေါင်း ၁၃၅ အိမ်ထပ်မံပြာကျခဲ့တာလို့ TPAC ကဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ထန်တလန်မြို့ကို လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်စက်တင်ဘာလကနေ မေလ ၂၆ ရက်နေ့အထိ စုစုပေါင်း ၂၈ ကြိမ်မီးရှို့ခဲ့ကြပြီး ထန်တလန်မြို့ပေါ်က ဘုရားကျောင်း ၈ ကျောင်းအပါအဝင် လူနေအိမ်ခြေ တစ်ထောင်ငါးရာနီးပါး မီးလောင်ပြာကျခဲ့ရပြီးဖြစ်ပါတယ်။

အိမ်ခြေ နှစ်ထောင်ကျော်ရှိပြီး လူဦးရေ တစ်သောင်းဝန်းကျင်ခန့်နေထိုင်တဲ့ ထန်တလန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှု၊ မီးရှို့မှုကြောင့် ဒေသခံပြည်သူအားလုံးဟာလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာကတည်းကနေ နယ်စပ်ဘက်နဲ့ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.