Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ထန်တလန်မြို့ပေါ်က စစ်ကောင်စီအမာခံ Lai Villa ကို ချင်းပြည်အစိုးရတပ်ဖွဲ့သိမ်းပိုက်

ထန်တလန်မြို့ပေါ်က စစ်ကောင်စီအမာခံ Lai Villa ကို ချင်းပြည်အစိုးရတပ်ဖွဲ့သိမ်းပိုက်

0
By Editor on September 18, 2024 Headline

(004 SS)

ချင်းပြည်နယ် ထန်တလန်မြို့ပေါ်က စစ်ကောင်စီ အမာခံတပ်စွဲထားသော Lai Villa တည်းခိုခန်းကို ချင်းလဲန်းကောင်စီ/ ချင်းပြည်အစိုးရတပ်ဖွဲ့က ယမန်နေ့ညနေပိုင်းက အပြီးသတ် သိမ်းပိုက်လိုက်သည်ဟု သိရသည်။

ထန်တလန်မြို့ထဲ ဒုတိယအမြင့်ဆုံးတောင်ကုန်းနေရာမှာတည်ရှိသော Lai Villa တည်းခိုခန်းမှာ စစ်ကောင်စီတပ်ဖွဲ့များသည် အခိုင်အမာခြေကုပ်ယူတပ်စွဲထားကြပြီး ချင်းပြည်အစိုးရတပ်ဖွဲ့က ဒရုန်း၊ လက်နက်ကြီးများဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာလ ၁၇ ရက်နေ့ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်ခဲ့ကြခြင်းဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။

“စက်တင်ဘာလ ၁၆ ရက်မှာ စစ်ခွေး ၃ ယောက် လက်နက် ၄ လက်နဲ့ ကျနော်တို့ဆီပူးပေါင်းလာတယ် အဲဒီပြီးခါမှ မနေ့ ကကျနော်တို့ကသွားချဉ်းကပ်ပြီးတော့ ဒရုန်တွေနဲ့ဗုံးကြဲတော့ သူတို့ဆုပ်သွားတယ် ကျနော်တို့ သေနတ် ၅ လက် လောက်ပြန်ရတယ် အခုလိုင်ဗီလာက ကျနော်တို့ကစိုးမိုးထားတယ်” ဟု ဆလိုင်းထက်နီကပြောသည်။

လိုင်ဗီလာတည်းခိုခန်းရှိသည်နေရာသည် ထန်တလန်မြို့ထဲက စစ်ကောင်စီတပ်စခန်း ၂၆၉ တပ်ကုန်းပြီးရင် ဒုတိယ အမြင့်ဆုံး တောင်ကုန်ဖြစ်ပြီး စစ်ရေးဗျူဟာအရ အချက်အချာကျသည့် နေရာဖြစ်ကြောင်းသိရသည်။

လိုင်ဗီလာကို မသိမ်းပိုက်ခင်တရက်အလို စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်သား ၃ ယောက်သည် လက်နက် ၄ လက်၊ ခဲယမ်းများနှင့် အတူ ချင်းပြည်အစိုးရတပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြသည်။

ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရတပ်ဖွဲ့အနေဖြင့် ထန်တလန်မြို့သိမ်းပိုက်နိုင်ရေး Tilim Operation-4 စစ်ဆင်ရေး ကို ဇူလိုင်လ ၂၂ ရက်နေ့ကစတင်ခဲ့ပြီး ထန်တလန်မြို့ပေါ်က ခလရ ၂၆၉ တပ်ကုန်းအပါအဝင် ဟားခါး- ထန်တလန် ကြားက စစ်ကောင်စီစခန်း ၈ ခုထက်မနည်းကို သိမ်းပိုက်ထားပြီဖြစ်သည်။

ယခု လက်ရှိ ထန်တလန်မြို့ထဲက NLD ရုံးဟောင်း၊ ရဲစခန်း နှင့် CB ဘဏ်အဆောက်အအုံစသည့် ၃ နေရာမှာ စစ်ကောင်စီတပ်ဖွဲ့များ ခြေကုပ်ယူတပ်စွဲထားကြဆဲဖြစ်ပြီး အင်အား ၁၀၀ တောင်မပြည့်တော့ကြောင်းသိရသည်။

“ဒီထန်တလန်မှာစစ်ကောင်စီမကင်းစင်သရွေ့ကတော့ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားဖို့ရှိပါတယ်၊ အခက်အခဲ တစ်ခုကတော့ ဟားခါးကနေ လက်နက်ကြီးနဲ့နေ့စဉ်နဲ့အမျှ ကျနော်တို့ရှိနိုင်မယ့်နေရာတွေကို ပစ်ကူတာတွေလုပ်နေတာ ပေါ့လေ” ဟု ဆလိုင်းထက်နီကပြောသည်။

ထန်တလန်မြို့ တိုက်တာအဆောက်အအုံဟောင်းများတွင် ခြေကုပ်ယူထားကြသော စစ်ကောင်စီတပ်ဖွဲ့များသည် ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပြတ်လပ်လာနေပြီး ချင်းပြည်အစိုးရတပ်ဖွဲ့ဘက်ကတော့ ထန်တလန်မြို့သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.