Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဒုတပ်ရင်းမှူးနှင့် ဖခင်ပါစတာကို ယမန်နေ့က အတူယှဉ်တွဲသဂြိုလ်၊ စစ်ရေးအရ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု CDF ကန်ပက်လက် တပ်မဟားမှူး ပြော

ဒုတပ်ရင်းမှူးနှင့် ဖခင်ပါစတာကို ယမန်နေ့က အတူယှဉ်တွဲသဂြိုလ်၊ စစ်ရေးအရ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု CDF ကန်ပက်လက် တပ်မဟားမှူး ပြော

0
By Editor on November 13, 2023 Headline

(006SV)

CDF – ကန်ပက်လက်၊ တူမီးတပ်ရင်း၏ ဒု-တပ်ရင်းမှူးနှင့် သူ၏ ဖခင်ဓမ္မအမှူတော်ဆောင်ပါစတာတို့ကို ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်က ကန်ပက်မြို့တစ်နေရာမှာ အတူယှဉ်ပြီး တစ်ပြိုက်နက် သဂြိုလ်ခဲ့ကြသည်။

“မနေ့ကမှ သဂြိုလ်ဖြစ်ပါတယ်။ သူတို့ မိသားစုတွေ အကုန်ပြန်စုံတယ်။ ခရစ်ယာန်ဓလေ့ထုံတမ်းအတိုင်းပဲ သဂြိုလ်ပါတယ်။ ဒုတပ်ရင်းမှူးကိုတော့ တပ်လုပ်ထုံလုပ်နည်းနဲ့လည်း သဂြိုလ်ပါတယ်။ မိတ်ဆွေတွေ၊ ပြည်သူတွေ တက်ကြပါတယ်။ အုပ်ချုပ်ရေး ဘက်က ဌာနဆိုင်ရာတွေရော၊ ပါစတာအသိုင်းအဝိုင်းရောပေါ့နော်” ဟု ကန်ပက်လက် ဒေသခံတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၇ ရက် ကန်ပက်လက်မြို့နယ်အတွင်း စစ်ဘေးရှောင်နေရသော ခရစ်ယာန်ဓမ္မအမှူတော်ဆောင် ပါစတာ ဦးမာန်ကီး သည် မကွေးတိုင်း၊ ဆောမြို့သို့ ရောက်ရှိ၍ အသိမိတ်ဆွေတစ်ဦးနှင့် စကားပြောနေစဉ် အရပ်ဝတ် စစ်သားတစ်ဦးက အနီးကပ် ဦးခေါင်းကို ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု CDF ကန်ပက်လက်မှ တာဝန်ရှိသူများက ပြောသည်။

ထို့နောက် စစ်သားများ ၂၀ ခန့် အလျိုလျိုပေါ်လာ၍ ကင်းပုန်ဝတ်ပြီးနောက် ဆောမြို့အနီး တာဝန်ဖြင့်ရောက်နေသော CDF ကန်ပက်လက်၊ တူမီးတပ်ရင်းမှ ဒု-တပ်ရင်းမှူးလည်းဖြစ်သူ၊ ခရစ်ယာန်ဓမ္မအမှူတော်ဆောင် ပါစတာ ဦးမာန်ကီး၏ သားဖြစ်သူ ဒု-တပ်ရင်းမှူး ဆလိုင်းလှေ့မာန်ကိုပါ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

“လက်နက်ကိုင်ဆောင်ထားခြင်းမရှိတဲ့ ပြည်သူတစ်ယောက်ကို အကြောင်းမဲ့ ပစ်ခတ်၊ သတ်သွားကြတဲ့အပေါ်မှာ ကျနော်တို့ ဘက်က ပြင်းပြင်းထန်ထန်ပြန်ပြီး တုန့်ပြန်သွားမှာဖြစ်တယ်။ စစ်ရေးအရ ဘယ်အချိန် ဘယ်မှာကိုတော့ ပြောလို့ မရဘူး။ မရပေမယ့် ကျနော်တို့ ပြင်းပြင်းထန်ထန်ကို တုံ့ပြန်သွားမှာဖြစ်ပါတယ်။ ကျနော်တို့ ဒုရင်းမှူးလည်းပဲ သူ့အဖေကို သွားကြည့်တဲ့ နေရာမှာ အပစ်ခံလိုက်ရတဲ့ အ နေအထားဆိုတော့ ပိုပြီးတော့ သားအဖ နှစ်ဦးစလုံး ဖြစ်တဲ့အခါမှာ။ ဒု-ရင်းမှူးကလည်း ဘာမှလက်နက်မပါပဲနဲ့ သူ့အဖေကိုသွားကြည့်တာပဲ ဖြစ်ပါတယ်။ အဲဒါကို စောင့်ပြီး ပစ်သွားကြတာပါ” ဟု CDF ကန်ပက်လက် တပ်မဟာမှူး ဆလိုင်းထွန်းလိန်ထန်က ပြောသည်။

ခရစ်ယာန်ဓမ္မအမှူတော်ဆောင် ပါစတာ ဦးမာန်ကီး၏ သားဖြစ်သူ လှေမာန်သည် CDF ကန်ပက်လက်၊ တူမီးတပ်ရင်းမှ ဒု-တပ်ရင်းမှူးဖြစ်ပြီး နောက်ထပ်သားအငယ်တစ်ဦးမှာလည်း တူမီးတပ်ရင်း ရဲဘော်တစ်ဦးဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ပထမပတ်အတွင်း စစ်ကိုင်း – ချင်းအစပ်က ခမ်းပိတ်မြို့သိမ်းတိုက်ပွဲ၊ မြောက်စည်းရဲစခန်းတိုက်ပွဲ အပါအဝင် ချင်းမြောက်ပိုင်းဘက်က စစ်ဆင်ရေးများတွင် CNF/ CNA၊ CNDF၊ PDF-Zoland နှင့် CDF – ကန်ပက်လက်မှ ရဲဘော် စုစုပေါင်း ၁၀ ဦးဝန်းကျင် ကျဆုံးခဲ့ရပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.