Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»နတ်ရေကန်တောင်ခြေ ကာကင်းစခန်း တိုက်ပွဲမှာ CDF – အရှို ရဲဘော် ၁ ဦးကျဆုံး

နတ်ရေကန်တောင်ခြေ ကာကင်းစခန်း တိုက်ပွဲမှာ CDF – အရှို ရဲဘော် ၁ ဦးကျဆုံး

0
By Editor on October 30, 2025 Khonumthung

(006SV)

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်အနီးရှိ နတ်ရေကန်တောင်ခြေ ကာကင်းစခန်းကို ထိုးစစ်ဆင်တိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ် – အရှိုက ရဲဘော်တစ်ဦး ကျဆုံးသွားသည်ဟု သိရသည်။

အောက်တိုဘာလ ၂၈ ရက်က နတ်ရေကန်တောင်ခြေ ကာကင်းစခန်းကို ထိုးစစ်ဆင်စဉ် ရှေ့တန်းတစ်နေရာတိုက်ပွဲတွင် CDF – အရှို ရဲဘော် ဆလိုင်းအာရှယ်ပါသည် ကျဆုံးရခြင်းဖြစ်သည်ဟု CDF – အရှိုမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။

“နတ်ရေကန်အနီး နတ်ရေကန်တောင်ခြေ ကာကင်းစခန်း ထိုးစစ်ဆင် တိုက်ပွဲမှာ ကျတာပါ” ဟု ဆလိုင်းရိုးချင်းက ပြောသည်။

ရဲဘော် ဆလိုင်းအာရှယ်ပါသည် တော်လှန်ရေး ရဲဘော်ကောင်း တစ်ဦးဖြစ်သောကြောင့် ယခုလို ဆုံးရှုံးမှုသည် အစားထိုးမရသော ဆုံးရှုံးမှု ဖြစ်သကဲ့သို့ ပေးအပ်လာသော အမိန့်နှင့် တာဝန်ကို အသက်နှင့် ခန္ဓာစွန့်၍ တာဝန်ထမ်းဆောင်ခဲ့သောကြောင့် ချင်းကာကွယ်ရေးတပ် – အရှိုက များစွာ ဂုဏ်ယူမိပါသည်ဟု ထုတ်ပြန်သည်။

ဆက်လက်ပြီး အပြီးပြတ်သေးသော တော်လှန်ရေးတာဝန်များကို CDF – အရှိုက ဆက်လက်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ကျဆုံးရဲဘော်၏ ဝိညဉ်ရှေ့မှောက်တွင် ကတိစ္စာပြုသည်ဟု ထုတ်ပြန်ထားသည်။

နတ်ရေကန်ဗျူဟာကုန်းရှိ စစ်ကော်မရှင်တပ်များ၏ အနည်းငယ် ကျန်ရှိနေရာတချို့ကို အာရက္ခတပ်တော် ULA/ AA နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေသကဲ့သို့ ကစဉ့်ကလျား ထွက်ပြေးနေသော စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့နှင့် တော်လှန်ရေးတပ်တို့သည် နေရာတချို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု အောက်တိုဘာလ ၁၇ ရက်မှာ ULA/ AA က ထုတ်ပြန်ထားသည်။

စစ်ကော်မရှင်၏ မတရား စစ်မှုထမ်းရန် စုဆောင်းခြင်းခံရသောသူများအနေဖြင့် မိမိတို့ထံ ဆက်သွယ်၍ အချိန်မရွေး လက်နက်ချ အလင်းဝင်ရောက်နိုင်ပါကြောင်း ULA/AA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.