Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နယ္ေျမလံုျခံဳေရးအရ စက္သံုးဆီသယ္ယူ၍မရေသာေၾကာင့္ ပလက္၀ၿမိဳ႕အေမွာင္က်ေနဆဲ

နယ္ေျမလံုျခံဳေရးအရ စက္သံုးဆီသယ္ယူ၍မရေသာေၾကာင့္ ပလက္၀ၿမိဳ႕အေမွာင္က်ေနဆဲ

0
By Editor on October 7, 2020 Headline

#Unicode

By နှင်းနှင်း – နယ်မြေလုံခြုံရေးအခြေအနေကြောင့် ဆမီးမြို့တွင်သောင်တင်နေသော ဒီဇယ်ဆီများ သယ်ယူ၍မ ရသေးသည့်အတွက် ပလက်ဝမြို့တွင် လျှပ်စစ်ဓာတ်အားမဖြန့်ဖြူးပေးနိုင်သေးကြောင်း ပလက်ဝမြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူး ဦးအောင်လောဟာကပြောသည်။

“ မီးက ခုထိမပေးနိုင်သေးဘူး၊ ဆီသယ်လို့မရလို့ဘူး၊ လမ်းပန်းဆက်သွယ်ရေးရော လုံခြုံရေးအရရော သွားလို့လာလို့ မလွတ်လပ်တာလည်းပါတယ် ” ဟု ဦးအောင်လောဟာကပြောသည်။

ပလက်ဝမြို့နယ်သည် မဟာဓာတ်အားလိုင်းမရောက်ရှိနိုင်သေးသည့်အတွက် မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေး ဦးစီးဌာနမှ ဒီဇယ်ဆီအသုံးသော မီးစက်ဖြင့် ယခင်က တစ်ရက်လျှင် (၄) နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးလေ့ရှိသော်လည်း ဒီဇယ်ဆီပြတ်လတ်သွားသည့်အတွက် အောက်တိုဘာလ ၁ ရက်နေ့စ၍ ဓာတ်အားဖြန့်ဝေမှုပြတ်တောက်သွားခဲ့ခြင်းဖြစ် သည်။

ပလက်ဝမြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာတွင် အသုံးပြုရန် ဒီဇယ်ပေပါ (၁၂၀) လုံးသည် ဆမီးမြို့တွင် သောင်တင်နေပြီး နယ်မြေလုံခြုံရေးအခြေအနေကြောင့် ယခုချိန်ထိ သယ်ယူရန်အခက်အခဲရှိနေကြခြင်းဖြစ်သည်။

ယခုကဲ့သို့ ပလက်ဝမြို့တွင် လျှပ်စစ်ဓာတ်အားမရရှိကြတော့သည့်အတွက် မြိုခံပြည်သူများလည်း အခက်ကြုံနေကြရ သည်ဟု ပလက်ဝမြို့ဒေသခံ ဆရာမအောင်မဖြူကပြောသည်။

“ မီးမရတာ ( ၇) ညရှိပြီ ဆိုလာမီးရှိတဲ့သူတွေက အဆင်ပြေတယ်၊ ဆိုလာမရှိတဲ့သူတွေက အဆင်မပြေဘူး မီးက အခက်အခဲဖြစ်နေတယ်၊ ပြီးတော့ လျှပ်စစ်ကိုအသုံးပြုပြီး လုပ်ရတဲ့အလုပ်တွေလည်း အကုန်ထိခိုက်ကုန်တယ်” ဟု ဆရာမအောင်မဖြူကပြောသည်။

ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော် နှင့် ရက္ခိုင့်တပ်တော် (AA ) တို့ စစ်ဖြစ်ပွားရာဒေသဖြစ်ပြီး နယ်မြေတည် ငြိမ်မှုမရှိသောကြောင့် စက်သုံးဆီများ သယ်ယူရန်် အခက်အခဲဖြစ်နေသည့်အတွက် ပလက်ဝမြို့နယ်တွင် လျှပ်စစ်မီး ပြတ်တောက်မှုမကြခဏဖြစ်ပွားလေ့ရှိသည်။

#Zawgyi

By ႏွင္းႏွင္း – နယ္ေျမလံုျခံဳေရးအေျခအေနေၾကာင့္ ဆမီးၿမိဳ႕တြင္ေသာင္တင္ေနေသာ ဒီဇယ္ဆီမ်ား သယ္ယူ၍မ ရေသးသည့္အတြက္ ပလက္၀ၿမိဳ႕တြင္ လွ်ပ္စစ္ဓာတ္အားမျဖန္႔ျဖဴးေပးႏုိင္ေသးေၾကာင္း ပလက္၀ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဴပ္ေရးမွဴး ဦးေအာင္ေလာဟာကေျပာသည္။ 

“မီးက ခုထိမေပးႏုိင္ေသးဘူး၊ ဆီသယ္လုိ႔မရလုိ႔ဘူး၊ လမ္းပန္းဆက္သြယ္ေရးေရာ လုံျခဳံေရးအရေရာ သြားလုိ႔လာလုိ႔ မလြတ္လပ္တာလည္းပါတယ္ ” ဟု ဦးေအာင္ေလာဟာကေျပာသည္။ 

ပလက္၀ၿမိဳ႕နယ္သည္ မဟာဓာတ္အားလိုင္းမေရာက္ရွိႏုိင္ေသးသည့္အတြက္ ၿမိဳ႕နယ္လွ်ပ္စစ္ ဓာတ္အားျဖန္႔ျဖဴးေရး ဦးစီးဌာနမွ ဒီဇယ္ဆီအသံုးေသာ မီးစက္ျဖင့္ ယခင္က တစ္ရက္လွ်င္ (၄) နာရီ လွ်ပ္စစ္ဓာတ္အားျဖန္႔ျဖဴးေလ့ရွိေသာ္လည္း ဒီဇယ္ဆီျပတ္လတ္သြားသည့္အတြက္ ေအာက္တိုဘာလ ၁ ရက္ေန႔စ၍ ဓာတ္အားျဖန္႔ေ၀မႈျပတ္ေတာက္သြားခဲ့ျခင္းျဖစ္ သည္။ 

ပလက္ဝျမဳိ႕လွ်ပ္စစ္ဓာတ္အား ျဖန္႔ျဖဴးရာတြင္ အသုံးျပဳရန္ ဒီဇယ္ေပပါ (၁၂၀) လုံးသည္ ဆမီးျမဳိ႕တြင္ ေသာင္တင္ေနျပီး နယ္ေျမလံုျခံဳေရးအေျခအေနေၾကာင့္ ယခုခ်ိန္ထိ သယ္ယူရန္အခက္အခဲရွိေနၾကျခင္းျဖစ္သည္။  

ယခုကဲ့သို႔ ပလက္၀ၿမိဳ႕တြင္ လွ်ပ္စစ္ဓာတ္အားမရရွိၾကေတာ့သည့္အတြက္ ၿမိဳခံျပည္သူမ်ားလည္း အခက္ႀကံဳေနၾကရ သည္ဟု ပလက္၀ၿမိဳ႕ေဒသခံ ဆရာမေအာင္မျဖဴကေျပာသည္။  

“ မီးမရတာ ( ၇) ညရွိျပီ ဆုိလာမီးရွိတဲ့သူေတြက အဆင္ေျပတယ္၊ ဆုိလာမရွိတဲ့သူေတြက အဆင္မေျပဘူး မီးက အခက္အခဲျဖစ္ေနတယ္၊ ၿပီးေတာ့ လွ်ပ္စစ္ကိုအသံုးျပဳၿပီး လုပ္ရတဲ့အလုပ္ေတြလည္း အကုန္ထိခိုက္ကုန္တယ္” ဟု ဆရာမေအာင္မျဖဴကေျပာသည္။ 

ပလက္ဝျမဳိ႕နယ္သည္  ျမန္မာ့တပ္မေတာ္ ႏွင့္ ရကၡဳိင့္တပ္ေတာ္ (AA ) တုိ႔  စစ္ျဖစ္ပြားရာေဒသျဖစ္ျပီး နယ္ေျမတည္ ျငိမ္မႈမရွိေသာေၾကာင့္ စက္သုံးဆီမ်ား သယ္ယူရန္္ အခက္အခဲျဖစ္ေနသည့္အတြက္ ပလက္ဝျမဳိ႕နယ္တြင္ လွ်ပ္စစ္မီး ျပတ္ေတာက္မႈမၾကခဏျဖစ္ပြားေလ့ရွိသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်

CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း

CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.