Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နယ္ေျမလံုျခံဳေရးအရ စက္သံုးဆီသယ္ယူ၍မရေသာေၾကာင့္ ပလက္၀ၿမိဳ႕အေမွာင္က်ေနဆဲ

နယ္ေျမလံုျခံဳေရးအရ စက္သံုးဆီသယ္ယူ၍မရေသာေၾကာင့္ ပလက္၀ၿမိဳ႕အေမွာင္က်ေနဆဲ

0
By Editor on October 7, 2020 Headline

#Unicode

By နှင်းနှင်း – နယ်မြေလုံခြုံရေးအခြေအနေကြောင့် ဆမီးမြို့တွင်သောင်တင်နေသော ဒီဇယ်ဆီများ သယ်ယူ၍မ ရသေးသည့်အတွက် ပလက်ဝမြို့တွင် လျှပ်စစ်ဓာတ်အားမဖြန့်ဖြူးပေးနိုင်သေးကြောင်း ပလက်ဝမြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူး ဦးအောင်လောဟာကပြောသည်။

“ မီးက ခုထိမပေးနိုင်သေးဘူး၊ ဆီသယ်လို့မရလို့ဘူး၊ လမ်းပန်းဆက်သွယ်ရေးရော လုံခြုံရေးအရရော သွားလို့လာလို့ မလွတ်လပ်တာလည်းပါတယ် ” ဟု ဦးအောင်လောဟာကပြောသည်။

ပလက်ဝမြို့နယ်သည် မဟာဓာတ်အားလိုင်းမရောက်ရှိနိုင်သေးသည့်အတွက် မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေး ဦးစီးဌာနမှ ဒီဇယ်ဆီအသုံးသော မီးစက်ဖြင့် ယခင်က တစ်ရက်လျှင် (၄) နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးလေ့ရှိသော်လည်း ဒီဇယ်ဆီပြတ်လတ်သွားသည့်အတွက် အောက်တိုဘာလ ၁ ရက်နေ့စ၍ ဓာတ်အားဖြန့်ဝေမှုပြတ်တောက်သွားခဲ့ခြင်းဖြစ် သည်။

ပလက်ဝမြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာတွင် အသုံးပြုရန် ဒီဇယ်ပေပါ (၁၂၀) လုံးသည် ဆမီးမြို့တွင် သောင်တင်နေပြီး နယ်မြေလုံခြုံရေးအခြေအနေကြောင့် ယခုချိန်ထိ သယ်ယူရန်အခက်အခဲရှိနေကြခြင်းဖြစ်သည်။

ယခုကဲ့သို့ ပလက်ဝမြို့တွင် လျှပ်စစ်ဓာတ်အားမရရှိကြတော့သည့်အတွက် မြိုခံပြည်သူများလည်း အခက်ကြုံနေကြရ သည်ဟု ပလက်ဝမြို့ဒေသခံ ဆရာမအောင်မဖြူကပြောသည်။

“ မီးမရတာ ( ၇) ညရှိပြီ ဆိုလာမီးရှိတဲ့သူတွေက အဆင်ပြေတယ်၊ ဆိုလာမရှိတဲ့သူတွေက အဆင်မပြေဘူး မီးက အခက်အခဲဖြစ်နေတယ်၊ ပြီးတော့ လျှပ်စစ်ကိုအသုံးပြုပြီး လုပ်ရတဲ့အလုပ်တွေလည်း အကုန်ထိခိုက်ကုန်တယ်” ဟု ဆရာမအောင်မဖြူကပြောသည်။

ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော် နှင့် ရက္ခိုင့်တပ်တော် (AA ) တို့ စစ်ဖြစ်ပွားရာဒေသဖြစ်ပြီး နယ်မြေတည် ငြိမ်မှုမရှိသောကြောင့် စက်သုံးဆီများ သယ်ယူရန်် အခက်အခဲဖြစ်နေသည့်အတွက် ပလက်ဝမြို့နယ်တွင် လျှပ်စစ်မီး ပြတ်တောက်မှုမကြခဏဖြစ်ပွားလေ့ရှိသည်။

#Zawgyi

By ႏွင္းႏွင္း – နယ္ေျမလံုျခံဳေရးအေျခအေနေၾကာင့္ ဆမီးၿမိဳ႕တြင္ေသာင္တင္ေနေသာ ဒီဇယ္ဆီမ်ား သယ္ယူ၍မ ရေသးသည့္အတြက္ ပလက္၀ၿမိဳ႕တြင္ လွ်ပ္စစ္ဓာတ္အားမျဖန္႔ျဖဴးေပးႏုိင္ေသးေၾကာင္း ပလက္၀ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဴပ္ေရးမွဴး ဦးေအာင္ေလာဟာကေျပာသည္။ 

“မီးက ခုထိမေပးႏုိင္ေသးဘူး၊ ဆီသယ္လုိ႔မရလုိ႔ဘူး၊ လမ္းပန္းဆက္သြယ္ေရးေရာ လုံျခဳံေရးအရေရာ သြားလုိ႔လာလုိ႔ မလြတ္လပ္တာလည္းပါတယ္ ” ဟု ဦးေအာင္ေလာဟာကေျပာသည္။ 

ပလက္၀ၿမိဳ႕နယ္သည္ မဟာဓာတ္အားလိုင္းမေရာက္ရွိႏုိင္ေသးသည့္အတြက္ ၿမိဳ႕နယ္လွ်ပ္စစ္ ဓာတ္အားျဖန္႔ျဖဴးေရး ဦးစီးဌာနမွ ဒီဇယ္ဆီအသံုးေသာ မီးစက္ျဖင့္ ယခင္က တစ္ရက္လွ်င္ (၄) နာရီ လွ်ပ္စစ္ဓာတ္အားျဖန္႔ျဖဴးေလ့ရွိေသာ္လည္း ဒီဇယ္ဆီျပတ္လတ္သြားသည့္အတြက္ ေအာက္တိုဘာလ ၁ ရက္ေန႔စ၍ ဓာတ္အားျဖန္႔ေ၀မႈျပတ္ေတာက္သြားခဲ့ျခင္းျဖစ္ သည္။ 

ပလက္ဝျမဳိ႕လွ်ပ္စစ္ဓာတ္အား ျဖန္႔ျဖဴးရာတြင္ အသုံးျပဳရန္ ဒီဇယ္ေပပါ (၁၂၀) လုံးသည္ ဆမီးျမဳိ႕တြင္ ေသာင္တင္ေနျပီး နယ္ေျမလံုျခံဳေရးအေျခအေနေၾကာင့္ ယခုခ်ိန္ထိ သယ္ယူရန္အခက္အခဲရွိေနၾကျခင္းျဖစ္သည္။  

ယခုကဲ့သို႔ ပလက္၀ၿမိဳ႕တြင္ လွ်ပ္စစ္ဓာတ္အားမရရွိၾကေတာ့သည့္အတြက္ ၿမိဳခံျပည္သူမ်ားလည္း အခက္ႀကံဳေနၾကရ သည္ဟု ပလက္၀ၿမိဳ႕ေဒသခံ ဆရာမေအာင္မျဖဴကေျပာသည္။  

“ မီးမရတာ ( ၇) ညရွိျပီ ဆုိလာမီးရွိတဲ့သူေတြက အဆင္ေျပတယ္၊ ဆုိလာမရွိတဲ့သူေတြက အဆင္မေျပဘူး မီးက အခက္အခဲျဖစ္ေနတယ္၊ ၿပီးေတာ့ လွ်ပ္စစ္ကိုအသံုးျပဳၿပီး လုပ္ရတဲ့အလုပ္ေတြလည္း အကုန္ထိခိုက္ကုန္တယ္” ဟု ဆရာမေအာင္မျဖဴကေျပာသည္။ 

ပလက္ဝျမဳိ႕နယ္သည္  ျမန္မာ့တပ္မေတာ္ ႏွင့္ ရကၡဳိင့္တပ္ေတာ္ (AA ) တုိ႔  စစ္ျဖစ္ပြားရာေဒသျဖစ္ျပီး နယ္ေျမတည္ ျငိမ္မႈမရွိေသာေၾကာင့္ စက္သုံးဆီမ်ား သယ္ယူရန္္ အခက္အခဲျဖစ္ေနသည့္အတြက္ ပလက္ဝျမဳိ႕နယ္တြင္ လွ်ပ္စစ္မီး ျပတ္ေတာက္မႈမၾကခဏျဖစ္ပြားေလ့ရွိသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.