Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

0
By Editor on November 11, 2025 Khonumthung

(005MK)

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ထဲက ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြသော မီဇိုရမ် ပြည်နယ် လောင်တလိုင်ခရိုင်ထဲက စစ်ရှောင်စခန်းတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦး သေဆုံးပြီဟု သိရသည်။

မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် ကာကီကျေးရွာမှာ နိုဝင်ဘာလဆန်းပိုင်းကစ၍ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားခဲ့ကြပြီး ဒေသခံ ၂ ဦး နှင့် စစ်ဘေးရှောင် ၂ ဦးတို့ သေဆုံးခဲ့ကြောင်း စစ်ဘေးရှောင် နှင့်နီးစပ်သူများထံမှ သိရ သည်။

ကာကီကျေးရွာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့က အသက် ၇၅ နှစ်အရွယ် ဦး လောမ်ပါသေဆုံးခဲ့ပြီး၊ နိုဝင်ဘာလ ၉ ရက်နေ့က အသက် ၂၄ နှစ်အရွယ် ဒေါ်နီဒါ၊ အသက် ၄၈ နှစ်အရွယ် ဦးကိုင်လော နဲ့ ယနေ့ နိုဝင်ဘာ ၁၁ ရက်မနက်ပိုင်းမှာ အသက် ၂၈ နှစ်အရွယ် ကိုဆောလ တို့ သေဆုံးခဲ့သည်ဟု ဒေသတွင်းသတင်းမှာ ဖော်ပြသည်။

ယခုလက်ရှိတွင်လည်း ကာကီကျေးရွာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ အယောက် ၂၀ ဝန်းကျင်ခန့်ရှိနေပြီး လောင်တလိုင်မြို့ကနေ ကျန်းမာရေးလုပ်သားများစေလွှတ်ကာ ကုသရေးများဆောင်ရွက်ရန်စီစဉ်နေကြသည်ဟု သိရ သည်။

ကာကီကျေးရွာသည် အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသောကျေးရွာဖြစ်ပြီး ပလက်ဝမြို့နယ်က စစ်ဘေးရှောင် ၅၀၀ ကျော်နေထိုင်ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

အတုအယောင်ရွေးကောက်ပွဲကို တားဆီးရေး လုပ်ထုံးလုပ်နည်းဥပဒေကို ချင်းပြည်ကောင်စီ ပြဌာန်းကြောင်း ကြေညာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.