Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပလက်၀မြို့နယ်ထဲက “မီးဝဗျူဟာကုန်း” နှင့် “ခန်ခတောင်ဗျူဟာစခန်း” တို့ကို AA သိမ်းပိုက်

ပလက်၀မြို့နယ်ထဲက “မီးဝဗျူဟာကုန်း” နှင့် “ခန်ခတောင်ဗျူဟာစခန်း” တို့ကို AA သိမ်းပိုက်

0
By Editor on January 14, 2024 Khonumthung

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက “မီးဝဗျူဟာကုန်း” နှင့် “ခန်ခတောင်ဗျူဟာစခန်း” တို့ကို အပြီးသတ် ထပ်မံသိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း ရက္ခိုင်တပ်တော် AA က သတင်းထုတ်ပြန်သည်။

ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် “ခန်ခတောင်ဗျူဟာစခန်းကို” အပြီးသတ် ထပ်မံ သိမ်းပိုက်ရယူနိုင်ခဲ့ပြီး စစ်လက်နက်ပစ္စည်းအပါအဝင် လက်နက်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရမိခဲ့သည်ဟု ရက္ခိုင်တပ်တော် AA က ဇန်နဝါရီလ ၁၃ ရက် ည ၁၂ နာရီမှာ သတင်းထုတ်ပြန်သည်။

ယမန်နေ့ ညနေ ၆ နာရီခန့်ကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အစပ်တွင် တည်ရှိသည့် “မီးဝဗျူဟာကုန်း” တစ်ခုလုံးကို ရက္ခိုင်တပ်တော်က အပြီးသတ်သိမ်းပိုက် ထိန်းချုပ် ရယူထားနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“မီးဝဗျူဟာကုန်း” စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်၍ ထပ်မံအသေးစိတ် ထုတ်ပြန်မည်ဟု သိရသည်။

ရက္ခိုင်တပ်တော် AA သည် ပလက်ဝမြို့နယ်တွင် ခလရ – ၂၈၉ ပလက်ဝဗျူဟာကုန်းအပါအဝင် ခြေလျင်နှင့် ခြေမြန် တပ်ရင်း ၈ ခုကို ဇန်နဝါရီလ ၁ ရက်မှ စတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီ ရဲစခန်း၊ စစ်စခန်းများနှင့် ဗျူဟာကုန်းများ စုစုပေါင်း (၂၀) ကျော်ကို ရက္ခိုင်တပ်တော် AA သည် ၁၀၂၇ စစ်ဆင်ရေးဖြင့် သိမ်းပိုက်ထားသည် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပလက်ဝမြို့နယ်အတွင်းက စခန်းသိမ်းတိုက်ပွဲများအတွက် ရက္ခိုင်တပ်တော် AA နှင့် Maraland Defense Force (MDF) လည်း ပူးပေါင်းတိုက်ခိုက်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.