Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပလက်၀မြို့နယ်ထဲက “မီးဝဗျူဟာကုန်း” နှင့် “ခန်ခတောင်ဗျူဟာစခန်း” တို့ကို AA သိမ်းပိုက်

ပလက်၀မြို့နယ်ထဲက “မီးဝဗျူဟာကုန်း” နှင့် “ခန်ခတောင်ဗျူဟာစခန်း” တို့ကို AA သိမ်းပိုက်

0
By Editor on January 14, 2024 Khonumthung

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက “မီးဝဗျူဟာကုန်း” နှင့် “ခန်ခတောင်ဗျူဟာစခန်း” တို့ကို အပြီးသတ် ထပ်မံသိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း ရက္ခိုင်တပ်တော် AA က သတင်းထုတ်ပြန်သည်။

ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် “ခန်ခတောင်ဗျူဟာစခန်းကို” အပြီးသတ် ထပ်မံ သိမ်းပိုက်ရယူနိုင်ခဲ့ပြီး စစ်လက်နက်ပစ္စည်းအပါအဝင် လက်နက်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရမိခဲ့သည်ဟု ရက္ခိုင်တပ်တော် AA က ဇန်နဝါရီလ ၁၃ ရက် ည ၁၂ နာရီမှာ သတင်းထုတ်ပြန်သည်။

ယမန်နေ့ ညနေ ၆ နာရီခန့်ကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အစပ်တွင် တည်ရှိသည့် “မီးဝဗျူဟာကုန်း” တစ်ခုလုံးကို ရက္ခိုင်တပ်တော်က အပြီးသတ်သိမ်းပိုက် ထိန်းချုပ် ရယူထားနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“မီးဝဗျူဟာကုန်း” စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်၍ ထပ်မံအသေးစိတ် ထုတ်ပြန်မည်ဟု သိရသည်။

ရက္ခိုင်တပ်တော် AA သည် ပလက်ဝမြို့နယ်တွင် ခလရ – ၂၈၉ ပလက်ဝဗျူဟာကုန်းအပါအဝင် ခြေလျင်နှင့် ခြေမြန် တပ်ရင်း ၈ ခုကို ဇန်နဝါရီလ ၁ ရက်မှ စတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီ ရဲစခန်း၊ စစ်စခန်းများနှင့် ဗျူဟာကုန်းများ စုစုပေါင်း (၂၀) ကျော်ကို ရက္ခိုင်တပ်တော် AA သည် ၁၀၂၇ စစ်ဆင်ရေးဖြင့် သိမ်းပိုက်ထားသည် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပလက်ဝမြို့နယ်အတွင်းက စခန်းသိမ်းတိုက်ပွဲများအတွက် ရက္ခိုင်တပ်တော် AA နှင့် Maraland Defense Force (MDF) လည်း ပူးပေါင်းတိုက်ခိုက်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.