Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖမ်းဝရမ်းထုတ်ခံရမည့် စစ်ခေါင်းဆောင်ကို နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး အရှိန်မြှင့်ကြိုးပမ်းမည်ဟု NUG၊ CNF၊ KNU နှင့် KNPP တို့ ပူးတွဲထုတ်ပြန်

ဖမ်းဝရမ်းထုတ်ခံရမည့် စစ်ခေါင်းဆောင်ကို နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး အရှိန်မြှင့်ကြိုးပမ်းမည်ဟု NUG၊ CNF၊ KNU နှင့် KNPP တို့ ပူးတွဲထုတ်ပြန်

0
By Editor on December 2, 2024 Khonumthung

(006SV)

လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု တရားခံအဖြစ် ဖမ်းဝရမ်းထုတ်ခံရမည့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး အရှိန်မြှင့် ကြိုးပမ်းအားထုတ်သွားမည်ဟု NUG ၊ CNF အပါအဝင် တော်လှန်ရေးမဟာမိတ်အဖွဲ့များက ထုတ်ပြန်သည်။

ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရန်ထုတ်ရန် အပြည် ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) သို့ နိုဝင်ဘာလ ၂၇ ရက်က ICC ၏ ရှေ့နေချုပ်က လျှောက်ထားခြင်းအပေါ် NUG နှင့် K2C ဟုခေါ်သော KNU၊ KNPP၊ CNF တို့က နိုဝင်ဘာလ ၃၀ ရက်က ပူးတွဲ ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။

အလားတူ မြန်မာလူထုအပေါ် ကျူးလွန်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို ဖော်ထုတ်ပြီး နိုင်ငံတကာ ဥပဒေများနှင့်အညီ ICC ၊ ICJ နိုင်ငံတကာ တရားစီရင်ရေး ယန္တရားများမှတဆင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရရှိစေရေးအတွက်လည်း ကြိုးပမ်းအားထုတ်သွားမည်ဟု သိရသည်။

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို ဖော်ဆောင်ရေးသည်လည်း မမှိတ်မသုန်ထားရှိသော ကတိကဝတ်ဖြစ်သည်ဟု ယင်းမဟာမိတ်အဖွဲ့က ဆိုသည်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး (ICC) ရှေ့နေချုပ်၏ ဆောင်ရွက်ချက်ကို ကြိုဆိုကြောင်း၊ မြန်မာ့တပ်မတော် သမိုင်းတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု တရားခံအဖြစ် နိုင်ငံတကာ တရားရုံးတခု၏ ဖမ်းဝရမ်းထုတ်ရန် ပထမဆုံး လျှောက်ထားခြင်း ခံရခြင်းဖြစ်ကြောင်း ပူးတွဲထုတ်ပြန်သည်။

ထိုအခြေအနေသည် မြန်မာ့တပ်မတော် အပါအဝင် မြန်မာနိုင်င၏ လုံခြုံရေးစနစ်၊ တရားရေးစနစ်၊ နိုင်ငံရေး စနစ် ပြုပြင် ပြောင်းလဲရန် အရေးပေါ်အပ်လျက်ရှိသည်ကို ဖော်ပြနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် စစ်တပ်အတွင်းက တပ်မတော်သားအားလုံးသည် တပ်မတော်ကို လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်သူ မင်းအောင်လှိုင် လက်ထဲမှ ပြန်ကယ်ထုတ်ရန်၊ လူထုလိုလာပြီး လူထုကို အကာအကွယ်ပေးသော အကျိုးပြုတပ်မတော်အဖြစ် ဖက်ဒရယ်ဒီမိုကရေစီ အခြေခံမှုများနှင့်အညီ လုံခြုံရေးကဏ္ဍအသစ်ကို ဆောင်ရွက်ကြရန် တိုက်တွန်းဖိတ်ခေါ်နေသည်။

ဖမ်းဝရမ်းထုတ်ခံရမည့် စစ်ခေါင်းဆောင်က ဦးစီးကျင်းပမည့် ရွေးကောက်ပွဲသည်လည်း တရားဝင်ခြင်း မရှိဘဲ မိုက်တွင်း နက်ခြင်းသာဖြစ်ပြီး နိုင်ငံရေး ထွက်ပေါက် လုံးဝဖြစ်လာမည် မဟုတ်ပါဟု တော်လှန်ရေးမဟာမိတ်အဖွဲ့များက သတိပေးသည်။

အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝန်း၏ အာဏာသိမ်းစစ်အုပ်စုနှင့် ပုံစံအမျိုးမျိုး ပြုလုပ် နေသော ဆက်ဆံရေးများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ဖြစ်ပွားခြင်းကို အားပေးသော အခြေအနေ မဖြစ်ပေါစေရန် တော်လှန်ရေးအဖွဲ့များက သတိပေးသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.