Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖမ်းဝရမ်းထုတ်ခံရမည့် စစ်ခေါင်းဆောင်ကို နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး အရှိန်မြှင့်ကြိုးပမ်းမည်ဟု NUG၊ CNF၊ KNU နှင့် KNPP တို့ ပူးတွဲထုတ်ပြန်

ဖမ်းဝရမ်းထုတ်ခံရမည့် စစ်ခေါင်းဆောင်ကို နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး အရှိန်မြှင့်ကြိုးပမ်းမည်ဟု NUG၊ CNF၊ KNU နှင့် KNPP တို့ ပူးတွဲထုတ်ပြန်

0
By Editor on December 2, 2024 Khonumthung

(006SV)

လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု တရားခံအဖြစ် ဖမ်းဝရမ်းထုတ်ခံရမည့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး အရှိန်မြှင့် ကြိုးပမ်းအားထုတ်သွားမည်ဟု NUG ၊ CNF အပါအဝင် တော်လှန်ရေးမဟာမိတ်အဖွဲ့များက ထုတ်ပြန်သည်။

ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရန်ထုတ်ရန် အပြည် ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) သို့ နိုဝင်ဘာလ ၂၇ ရက်က ICC ၏ ရှေ့နေချုပ်က လျှောက်ထားခြင်းအပေါ် NUG နှင့် K2C ဟုခေါ်သော KNU၊ KNPP၊ CNF တို့က နိုဝင်ဘာလ ၃၀ ရက်က ပူးတွဲ ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။

အလားတူ မြန်မာလူထုအပေါ် ကျူးလွန်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို ဖော်ထုတ်ပြီး နိုင်ငံတကာ ဥပဒေများနှင့်အညီ ICC ၊ ICJ နိုင်ငံတကာ တရားစီရင်ရေး ယန္တရားများမှတဆင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရရှိစေရေးအတွက်လည်း ကြိုးပမ်းအားထုတ်သွားမည်ဟု သိရသည်။

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို ဖော်ဆောင်ရေးသည်လည်း မမှိတ်မသုန်ထားရှိသော ကတိကဝတ်ဖြစ်သည်ဟု ယင်းမဟာမိတ်အဖွဲ့က ဆိုသည်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး (ICC) ရှေ့နေချုပ်၏ ဆောင်ရွက်ချက်ကို ကြိုဆိုကြောင်း၊ မြန်မာ့တပ်မတော် သမိုင်းတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု တရားခံအဖြစ် နိုင်ငံတကာ တရားရုံးတခု၏ ဖမ်းဝရမ်းထုတ်ရန် ပထမဆုံး လျှောက်ထားခြင်း ခံရခြင်းဖြစ်ကြောင်း ပူးတွဲထုတ်ပြန်သည်။

ထိုအခြေအနေသည် မြန်မာ့တပ်မတော် အပါအဝင် မြန်မာနိုင်င၏ လုံခြုံရေးစနစ်၊ တရားရေးစနစ်၊ နိုင်ငံရေး စနစ် ပြုပြင် ပြောင်းလဲရန် အရေးပေါ်အပ်လျက်ရှိသည်ကို ဖော်ပြနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် စစ်တပ်အတွင်းက တပ်မတော်သားအားလုံးသည် တပ်မတော်ကို လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်သူ မင်းအောင်လှိုင် လက်ထဲမှ ပြန်ကယ်ထုတ်ရန်၊ လူထုလိုလာပြီး လူထုကို အကာအကွယ်ပေးသော အကျိုးပြုတပ်မတော်အဖြစ် ဖက်ဒရယ်ဒီမိုကရေစီ အခြေခံမှုများနှင့်အညီ လုံခြုံရေးကဏ္ဍအသစ်ကို ဆောင်ရွက်ကြရန် တိုက်တွန်းဖိတ်ခေါ်နေသည်။

ဖမ်းဝရမ်းထုတ်ခံရမည့် စစ်ခေါင်းဆောင်က ဦးစီးကျင်းပမည့် ရွေးကောက်ပွဲသည်လည်း တရားဝင်ခြင်း မရှိဘဲ မိုက်တွင်း နက်ခြင်းသာဖြစ်ပြီး နိုင်ငံရေး ထွက်ပေါက် လုံးဝဖြစ်လာမည် မဟုတ်ပါဟု တော်လှန်ရေးမဟာမိတ်အဖွဲ့များက သတိပေးသည်။

အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝန်း၏ အာဏာသိမ်းစစ်အုပ်စုနှင့် ပုံစံအမျိုးမျိုး ပြုလုပ် နေသော ဆက်ဆံရေးများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ဖြစ်ပွားခြင်းကို အားပေးသော အခြေအနေ မဖြစ်ပေါစေရန် တော်လှန်ရေးအဖွဲ့များက သတိပေးသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.