Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းတိုက်ပွဲများတွင် စစ်ကော်မရှင်တပ် အထိနာ၊ စစ်အင်အားထပ်မံဖြည့်တင်းကာ ဖလမ်းမြို့မှ ၁၃ မိုင်အကွာမှာ အခိုင်အမာခြေကုတ်ယူ၍စစ်ပြင်ဆင်နေဟု ဆို

ဖလမ်းတိုက်ပွဲများတွင် စစ်ကော်မရှင်တပ် အထိနာ၊ စစ်အင်အားထပ်မံဖြည့်တင်းကာ ဖလမ်းမြို့မှ ၁၃ မိုင်အကွာမှာ အခိုင်အမာခြေကုတ်ယူ၍စစ်ပြင်ဆင်နေဟု ဆို

0
By Editor on January 26, 2026 Headline

(006SV)

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သို့ ဦးတည်စစ်ကြောင်းထိုးနေသော စစ်ကော်မရှင်တပ်များသည် အထိနာနေပြီး ကလေးမြို့မှ တစ်ဆင့် စစ်အင်အားများ ထပ်မံဖြည့်တင်းကာ ဖလမ်းမြို့မှ ၁၃ မိုင်ခန့်အကွာမှာ အခိုင်အမာခြေကုတ်ယူ၍ စစ်ပြင်ဆင်နေကြောင်း သိရသည်။

ဖလမ်းမြို့သို့ သိုင်းငင်း- ဖလမ်း နှင့် ဝေဘူလ – ဖလမ်းလမ်းကြောင်းတို့မှတဆင့် စစ်အင်အား ၈၀၀ – ၁၀၀၀ ကြား အသုံးပြုပြီး လေကြောင်း ပစ်ကူအများအပြားဖြင့် ထိုးစစ်ဆင်နေသော စစ်ကော်မရှင်တပ်သည် သုံးလနီးပါးအကြာတွင် ထိခိုက်ကျဆုံးမှု များပြားခြင်း၊ စစ်သုံ့ပန်းဖြစ်ခြင်း၊ ထွက်ပြေးခြင်း၊ အလင်းဝင်ခြင်းတို့ကြောင့် အထိနာမှုများနေရာ ဇန်နဝါရီလ ၂၀ ရက်တွင် စစ်အင်အား ရာချီ ထပ်မံဖြည်းတင်သည်ဟု သိရသည်။

“တိုက်ပွဲက ၃ လပြည့်တော့မယ်။ အဲဒီမှာ သူတို့စတင် တက်ချိန်က အင်အားက ၈၀၀ ကနေ ၁၀၀၀ ဝန်းကျင်ပေါ့နော်။ အဲဒီထဲမှာ အလင်းဝင်တဲ့ လူတွေရယ်၊ ပြေးတဲ့ လူတွေလည်း ရှိတယ်။ ဆိုတော့ တော်တော်များများက ကျနော်တို့ ဖမ်းတာလည်းရှိတယ်။ အလင်းဝင်တာလည်း ရှိတယ်။ သေဆုံးမှုရောဆိုတော့ စစ်ကြောင်းရဲ့ လူတော်တော်များများ ပြုတ်တယ်လို့ ပြောလို့ ရတယ်။ ဒါပေမယ့် သူတို့ကလည်း ဖလမ်းရဲ့ ၁၃ မိုင်/ ၁၅ မိုင်ပတ်ဝန်းကျင်မှာ အခိုင်အမာ ကတုတ်ကျင်းတွေနဲ့ အခြေပြန်ချတဲ့ အခြေ အနေမှာ ရှိတယ်။ တိုက်ပွဲက ဘယ်အချိန်မှာ မဆို၊ ပြင်းထန်နိုင်တဲ့ အခြေအနေမှာ ရှိတယ်။ သူတို့ဘက်ကလည်း မတိုးနိုင်သေးဘူး။ ကျနော်တို့ ဘက်ကလည်း တားဆီးနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်” ဟု CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက‌ ပြောသည်။

ဖလမ်းမြို့အနောက်မြောက်ဘက်ရှိ ၁၃ မိုင်အကွာမှ Khuangli နှင့် Sumhrang ရွာရှိ အနီးတဝိုက်က တောတောင် နေရာများတွင် အခိုင်အမာကတုတ်ကျင်းများ ပြင်ဆင်ပြီး ခြေကုတ်စခန်းများ ချ၍ စစ်ပြင်ဆင်ထားသည်ဟု သိရသည်။

ဇန်နဝါရီလ ၂၀ ရက်က ကလေး- သိုင်းငင်းမှတစ်ဆင့် ၁၂ ဘီးကား ၅ စီး၊ သံပြားကာကား ၃ စီးတို့ဖြင့် တက်လာသော အင်အား ၂၀၀ မှ ၃၀၀ ကြားရှိသော စစ်ကော်မရှင်စစ်ကြောင်းသည် ဖလမ်းမြို့မှ မိုင် ၄၀ အကွာရှိ ဗာလုံရွာကို ရောက်ရှိနေပြီဟု သိရသည်။

“ကျနော်တို့ ခန့်မှန်းတာက သိုင်းငင်ကနေ တက်လာတဲ့ ခန့်မှန်းစစ်ကြောင်းအင်အားက ၂၀၀ ကနေ ၃၀၀ ကြားလောက် ဖြစ်မယ်။ သူတို့ အင်အားဖြည့်တာလည်း ပါတယ်။ စစ်ကြောင်း ၂ ကြောင်းက ဒဏ်ရာ ရတဲ့ လူလည်း များတယ်။ ရှေ့ကို သိပ်မထိုးနိုင်တဲ့ အခါကြတော့ အင်အားဖြည့်တဲ့ ပုံစံနဲ့ ဖြစ်နိုင်သလို ဒီဘက်က ထောက်ပို့ပစ္စည်းတွေ တခါတည်း ပို့တာလည်း ဖြစ်နိုင်ပါတယ်။ ထိတွေ့မှုကတော့ မရှိသေးဘူး။ ဒါပေမယ့် အကောင်းဆုံး တားနိုင်ဖို့ ကြိုးစားနေကြပါတယ်” ဟု ဆလိုင်းတင်မီက ပြောသည်။

၂၀၂၅ နိုဝင်ဘာလဆန်းမှ စတင်၍ သိုင်းငင်း- ဖလမ်း နှင့် ဝေဘုလ – ဖလမ်းလမ်းကြောင်းတို့မှ ဖလမ်းမြို့သို့ ဦးတည်စစ်ကြောင်း ထိုးလာနေသော စစ်ကော်မရှင်တပ်များနှင့် ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု သိရသည်။

တိုက်ပွဲ ၃ လနီးပါးတွင် စစ်ကော်မရှင်တပ်သည် Y – 12 နှင့် ဂျက်ဖိုက်တာကို အသုံးပြု၍ လေကြောင်းပစ်ကူ အများအပြား အသုံး ပြုခဲ့ရာ လေကြောင်းမှ ဗုံးကြဲချမှု အကြိမ်ရေ ၁၅၀၀ အထက်ပင်ရှိကြောင်း၊ လက်ရှိတိုက်ပွဲတွင် လေကြောင်းပစ်ကူပေးမှုသည် ဖလမ်းမြို့သိမ်းတိုက်ပွဲက လေကြောင်းပစ်ကူပေးမှုထက် ပိုမိုများပြား ပြင်းထန်သည်ဟု သိရသည်။

လက်ရှိ ဖလမ်းတိုက်ပွဲတွင် လေကြောင်းပစ်ကူမှာ ဂျက်ဖိုက်တာထက် Y – 12 ကို ပိုမိုအသုံးပြုနေပြီး Y – 12 ဖြင့် ဗုံးတခါလာချလျှင် ဗုံးအလုံးရေ ၆၀ မှ ၇၀ အထိပင် အသုံးပြုမှု ရှိတတ်သည်ဟု သိရသည်။

စစ်ကော်မရှင်တပ်သည် Y- 12 နှင့် Y – 8 တို့ကို အသုံးပြု၍ လက်နက်ခဲယမ်း နှင့် ရိက္ခာဖြည့်တင်းခြင်းကို နေ့စဉ်နီးပါး ပြုလုပ်သည် ဟု သိရသည်။

စစ်ကော်မရှင်တပ်က ဆုံးရှုံးနယ်မြေများ ပြန်ရရန် အင်အားတစ်ထောင်ဝန်းကျင်ဖြင့် ထိုးစစ်ဆင်နေမှုကို ချင်းပူးပေါင်းတပ်များက ပူးပေါင်းခုခံတွန်းလှန်လျက်ရှိနေသည်။

“ကျနော်တို့ ချင်းကာကွယ်ရေးတပ်ပေါင်းစုကနေလည်း ဒီဟာကို ကောင်းကောင်းလေး ကာကွယ်နိုင်မယ်ဆိုရင် ထူးခြားမှု ရှိမယ်။ မကာကွယ်နိုင်ရင် သူတို့က ဖလမ်းမြို့ကို ပြန်ယူနိုင်မယ့် အခြေအနေ ရှိတယ်။ တကယ်လို့ သူတို့ ဖလမ်းမြို့ကို ပြန်ယူနိုင်တယ်ဆိုရင် တဖက်က နယ်စပ်မြို့ဖြစ်တဲ့ ရိနဲ့ တီအိုတို့ ၊ နောက်တခြားလက်နက်ကိုင်တွေရဲ့ စခန်းတွေပါ အန္တာရာယ်ပြုလာနိုင်တဲ့ အခြေအနေ မှာ ရှိနေသလို၊ ချင်းပြည်နယ်မြောက်ပိုင်းမှာ ပထမဆုံး သိမ်းပိုက်တဲ့ ဖလမ်းမြို့ကို စကစက ပြန်ယူတယ်ဆိုရင် တော်လှန်ရေး အတွက်လည်း အင်အား ယုတ်စရာ ဖြစ်တယ်။ နောက် တော်လှန်းရေး ဘက်က စစ်ဆင်ရေးတွေ လုပ်မယ့် မြို့သိမ်းမယ့် အခန်း ကဏ္ဍတွေမှာပါ ဆုံးရှုံးမှု၊ အားကျဆင်းမှုတွေ ဖြစ်နိုင်တယ်။ ဒါပေမယ့် ကျနော်တို့ အတတ်နိုင်ဆုံးကာကွယ်နိုင်ဖို့ရန် ကြိုးစားနေတဲ့ အခြေအနေမှာ ရှိပါတယ်” ဟု CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက‌ ပြောသည်။

ဖလမ်းမြို့တိုက်ပွဲများတွင် ချင်းပူးပေါင်းတပ်မှလည်း ထိခိုက်ဒဏ်ရာ ရရှိမှုများ၊ ကျဆုံးမှုများ ရှိနေသည်ဟု သိရသည်။

ချင်းပူးပေါင်းတပ်သည် ဖလမ်းတိုက်ပွဲများတွင် ခုခံတွန်းလှန်ခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ပြုလုပ်နေပြီး စစ်ကော်မရှင်တပ်မှ စစ်သုံ့ပန်းများ၊ လက်နက်ခဲယမ်းများလည်း အများအပြား သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲများတွင် ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့များ၊ ချင်းညီနောင်အဖွဲ့ဝင် CNDF တို့ ပူးပေါင်း၍ စစ်ကော်မရှင်တပ်များကို တွန်းလှန်တိုက်ခိုက်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကော်မရှင်ရွေးကောက်ပွဲအပြီး ချင်းပြည်နယ်လွှတ်တော် ပြန်လည်ဖွင့်လှစ်ရန် ဟားခါးမြို့တွင် ပြင်ဆင်နေ

ကလေးမြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများလိုအပ်နေ

မြန်မာ့အရေး အာဆီယံအထူးသံတမန်သစ်နှင့် CNF အပါအဝင် တော်လှန်ရေးအင်အားစုတို့ ၂ ရက်ကြာ တွေ့ဆုံဆွေးနွေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.