Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့တွင်း ပစ်ခတ်မှုတွင်ဖမ်းဆီးခံရသော ပြည်သူ ၁၈ ဦး ပြန်လွတ်၊ ၅ ဦးကျန်နေသေး

ဖလမ်းမြို့တွင်း ပစ်ခတ်မှုတွင်ဖမ်းဆီးခံရသော ပြည်သူ ၁၈ ဦး ပြန်လွတ်၊ ၅ ဦးကျန်နေသေး

0
By Editor on January 21, 2023 Headline

ဖလမ်းမြို့၊ အ.ထ.က (၁) ကျောင်းဝင်းအတွင်း လုံခြုံရေးယူနေသည့် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့များကို ချင်းအမျိုးသားတပ်မတော်မှ ရဲဘော်များက ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အဖမ်းခံရသော ရပ်ကွက်နေပြည်သူများထဲမှ ၁၈ ဦး ယမန်နေ့ညက ပြန်လည်လွတ်လာကြပြီး လက်ရှိတွင် ၅ ဦး ကျန်နေသေးသည်ဟု သိရသည်။

ဖလမ်းမြို့ခံတစ်ဦးက “၁၈ ယောက်လွတ်တယ် သူတို့က ရပ်ကွက်ထဲက နည်းနည်းဝေးတဲ့ဟာတွေ၊ ၅ ယောက်ကျန်တယ် သူတို့က ပစ်ခတ်တဲ့နေရာရဲ့ အနီးဆုံးအိမ်ရှင်တွေပေါ့။ ခံဝန်ချက်တော့မလုပ်ဘူး၊ ဒါပေမယ့် ကျန်တဲ့ ၅ ယောက်က ဘာ အတွက်လည်း စုံးစမ်းနေတုန်း” ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မှုမှာ ဇန်နဝါရီ ၁၈ ရက်ညနေပိုင်း ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်ရှိ ကျောင်းဆင်းအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်း သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးအနားရပ်ကွက်နေ ပြည်သူ ၂၄ ဦး ဖမ်းဆီးကာ အများစုမှာ လူငယ်များဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးခံရသည့်ညတွင် တစ်ဦးကို ပြန်လွှတ်ပေးခဲ့ပြီးဖြစ်သည်။

ယင်းပစ်ခတ်မှုတွင် ရဲတစ်ဦးသေဆုံးခဲ့သည့်အပြင် ၄ ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ရပ်ကွက်ထဲနေအိမ်များတွင် စစ်ဆေးမှုများပြုလုပ်ကာ ည (၉) နာရီနောက်ပိုင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်ဟု သိရသည်။

လက်ရှိ ပြည်သူ ၅ ဦးကို စစ်ဆေးမေးမြန်ရန်ရှိနေသေးသောကြောင့် ဖလမ်းမြို့ရဲစခန်းတွင် ဆက်လက်ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု သိရပြီး ဖလမ်းမြို့တွင်းမှာလည်း ပုံမှန်အနေအထားဖြင့် သွားလာမှုများရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.