Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းမြို့ရှောင်ကွင်းလမ်းပြန်လည်သွားလာခွင့်ပြု

ဖလမ်းမြို့ရှောင်ကွင်းလမ်းပြန်လည်သွားလာခွင့်ပြု

0
By Editor on February 3, 2025 Khonumthung

(004SS)

ချင်းပြည်နယ်၊ ဖလမ်းမြို့ ရှောင်ကွင်းလမ်းကို ခရီးသွားမိဘပြည်သူများ အနေဖြင့် ဖြတ်သန်းသွားလာခွင့် ရပြီဖြစ်ကြောင်း Falam Regional Committee က ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အသိပေးချက်ထုတ်ပြန်သည်။

ဖလမ်းမြို့ရှောင်ကွင်းလမ်းမှ သွားလာနေကြသော ခရီးသွားမိဘပြည်သူတွေအနေဖြင့် Skat, Forland, Haimual ကားအမျိုးအစားများ၊ အိမ်စီးကားများနှင့် ၆ ဘီးကားများအထိ ဖြတ်သန်းသွားလာခွင့် ရပြီဖြစ်ကြောင်း၊ (၁၀) ဘီးနှင့် အထက်ကားကြီးများအား ဖြတ်သန့်ခွင့်မပြုသေးကြောင်း အသိပေးထားသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ စစ်ရေးအခြေအနေများအရ ဖလမ်းမြို့တွင်းသို့ ယာဉ်ကြီး/ ယဉ်ငယ်များအားလုံး ဖြတ်သန်းသွားလာခွင့် တားမြစ်ထားပြီးနောက် ခရီးသွားများအနေဖြင့် ရှောင်းကွင်းလမ်းအား အသုံးပြုခဲ့ကြခြင်းဖြစ်သည်။

သို့သော် စစ်ရေးအခြေအနေများအပြင် ပြည်သူများ၏လုံခြုံရေးအတွက်ဟု ဆိုကာ ဇန်နဝါရီလ ၇ ရက်နေ့တွင် ဖလမ်းမြို့ ရှောင်ကွင်းလမ်းကို Skat ၊ Forland ၊ ၆ ဘီးကား ၊ ၁၀ ဘီးကားနှင့် ၁၂ ဘီးကားများအား ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ဖလမ်းမြို့ကို ချင်းအမျိုးသားအဖွဲ့ချုပ် ၊ CNO/CNDF က ထိန်းချုပ်ထားပြီး နောက်ဆုံး လက်ကျန် စစ်ကောင်စီ ခလရ – ၂၆၈ တပ်ကုန်းကို အပြီးသတ် သိမ်းပိုက်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.