Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေ

ဖလမ်းမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေ

0
By Editor on November 17, 2025 Khonumthung

(006SV)

ချင်းပြည်နယ်မြောက်ပိုင်းတွင် ဝေဘုလမြို့မှ ဖလမ်းမြို့သို့ ဦးတည် ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေးတပ်တို့ ယနေ့မှာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှု အများအပြား အသုံးပြုနေကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၁၇ ရက် နံနက် ၈ နာရီခွဲမှ စတင်၍ ညနေပိုင်းအထိ အင်အား ၃၀၀ ခန့်ရှိသော စစ်ကော်မရှင် စစ်ကြောင်းနှင့် ချင်းတော်လှန်ရေးတပ်တို့ တိုက်ပွဲများ ပြင်းထန်ခြင်းဖြစ်ကာ စစ်ရေးမှာ ဆက်လက် တင်းမားနေခြင်းဖြစ်သည်။

“ဒီမနက် ၈ နာရီ ၃၀ လောက်နေ စတင်ပြီး မဏီပူရ တစ်လျှောက်မှာ ကျနော်တို့ ထိတွေ့မှုတွေ ရှိပါတယ်။ နောက်ပြီးတော့ ၁၀ နာရီ လောက်မှာလည်း ရှိပါတယ်။ ဒီမနက်ကနေ စတင်ပြီး ထိတွေ့မှုတွေက ပြင်းထန်းပါတယ်။ ၂ နာရီနဲ့ ၃ နာရီကြားမှာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေမှာ Y 12 နဲ့ရော ဂျက်ဖိုက်တာနဲ့ရော တောက်လျှောက်ကြဲ တာပေါ့နော်။ Y 12 နဲ့ကို တော်တော် ဗုံးကြဲပါတယ်။ နောက်ပြီးတော့ ဂျက်ဖိုက်တာနဲ့ကောက အကြိမ်နဲ့က ၆ ကြိမ်လောက် ကြဲပါတယ်။ တိုက်ပွဲက ထိတွေ့မှု ပြင်းထန်နေဆဲ အခြေအနေ ဖြစ်ပါတယ်။ ဘယ်အခြေအနေ မဆို ထိတွေ့မှု ဆက်ဖြစ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်” ဟု CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။

အောက်တိုဘာလ ၁၉ ရက်မှ စတင်၍ ကလေးမြို့တောင်းပိုင်းက စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်လာသော စစ်ကော်မရှင်တပ်သည် နိုဝင်ဘာလ ၃ ရက်တွင် စစ်ကိုင်း – ချင်းနယ်စပ်ရှိ ဝေဘုလမြို့ကို ဝင်ရောက်သည်ဟု သိရသည်။

ဝေဘုလမြို့ကို ရောက်ရှိလာသော စစ်ကော်မရှင်တပ်ဖွဲ့တွင် အင်အား ၅၀၀ ဝန်းကျင် ရှိပြီး ယင်းတို့ထဲက တပ်အင်အား ၃၀၀ ခန့်သည် ဖလမ်းမြို့ဘက်ကို မဏီပူရနယ်စပ်တစ်လျှောက် ခြေကုတ်ယူ၍ ထိုးစစ်ဆင်လာနေခြင်းဖြစ်သည်ဟု သိရသည်။

ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ချင်းမြောက်ပိုင်းဒေသကို စစ်ကော်မရှင်တပ်က တီးတိန်း၊ ကလေး၊ ဝေဘူလ စသည့်တို့မှ စစ်ကြောင်း ၃ ကြောင်းဖြင့် အင်အားရာချီအသုံးပြုကာ အပြင်းအထန် ထိုးစစ်ဆင်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ Carmel တောင်တက်သည့် လူငယ်များ ဓားခုတ်ခံရမှုဖြစ်ပွား၊ နှစ်ဖက်စလုံးဒဏ်ရာရရှိ

ဟားခါးလူထုသပိတ်ခေါင်းဆောင် ဆလိုင်းငွန်ဆန်းအောင် ကွယ်လွန်

ခွင့်လွန်၊ ခွင့်မဲ့ဖြစ်နေသာ ရဲဘော်များ ဖေဖော်ဝါရီလကုန်မှာ ပြန်တာဝန်ထမ်းဆောင်ရန် CDF – KKG ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.