Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းမြို့ ခလရ ၂၆၈ မှ စစ်ကောင်စီတပ်သား ၁ ဦး တီးတိန်ပအဖထံ အလင်းဝင်

ဖလမ်းမြို့ ခလရ ၂၆၈ မှ စစ်ကောင်စီတပ်သား ၁ ဦး တီးတိန်ပအဖထံ အလင်းဝင်

0
By Editor on August 30, 2024 Khonumthung

(006SV)

ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ စစ်ကောင်စီ၏ ခလရ – ၂၆၈ တပ်ရင်းမှ တပ်သား ၁ ဦးသည် တီးတိန်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံ ဆက်သွယ်၍ အလင်းဝင်လာကြောင်း သတင်းရရှိသည်။

ဩဂုတ်လ ၂၉ ရက်က ဖလမ်းမြို့စစ်ကောင်စီ၏ ခလရ ၂၆၈ တပ်ရင်းမှ တပ်သား ဦးကျင့်လမ်းမုံ သည် တီးတိန်မြို့နယ်ပအဖထံ အလင်းဝင်ချင်ကြောင်း ဆက်သွယ်လာပြီးနောက် တော်လှန်ရေးအင်အားစုတချို့က သွားရောက်ကြိုဆို၍ လွမ်မြောက်နယ်မြေသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း တီးတိန်မြို့နယ်ပအဖ တာဝန်ခံက ပြောသည်။

“စခန်းထဲ ထွက်ချင်တဲ့ သူက တော်တော်များနေပြီတဲ့။ စစ်တပ်က တော်တော်ကြပ်နေတယ် ပြောပါတယ်။ ဒါပေမယ့် တစ်ယောက် နဲ့ တစ်ယောက်က မပြောရဲကြဘူးပေါ့။ ယုံကြည်မှု သိပ်မရှိကြဘူးပေါ့။ အလင်းဝင်ချင်တယ် ဆိုပြီး အဆက်အသွယ်လုပ်တယ်။ အဲဒါနဲ့ သူလည်း ဘယ်သူ့မှ မပြောရဲဘဲ သူဟာနဲ့ သူပဲ ကျနော်တို့ဆီကို ဆက်သွယ်ပြီးတော့ ထွက်လာခဲ့တာ” ဟု တီးတိန်မြို့နယ် ပအဖ တာဝန်ခံက ပြောသည်။

ဖလမ်းမြို့ ခလရ ၂၆၈ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ပန်းနေကြပြီး တပ်ထဲတွင်လည်း တပ်ဖွဲ့ဝင်များကို စည်းကမ်းများ ပိုမိုတင်းကြပ်မှု ပြုလုပ်လာနေကြောင်း သိရသည်။

ဖလမ်းမြို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသည် စခန်းမှ စွန့်ခွာ၍ အလင်းဝင်ချင်ကြသော်လည်း တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုမရှိသောကြောင့် ဖွင့်မပြောရဲကြကြောင်း အလင်းဝင် စစ်ကောင်စီရဲဘော်ထံမှ သိရသည်။

“ကျနော်တို့ ပြောချင်တာက စစ်တပ်ထဲက လူတွေ ကျနော်တို့ကို ဆက်သွယ်ပါ။ အချိန်မရွေး လာကြိုပါမယ်။ လာကြိုပြီးမှ သူတို့အတွက် လုံခြုံတဲ့နေရာကို ပို့ပေးပါမယ်ဆိုတဲ့အကြောင်း သတင်းစကားကို ပါးချင်ပါတယ်” ဟု တီးတိန်မြို့နယ်ပအဖ တာဝန်ခံက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကျော်နှင့် တွန်းဇံမြို့က ရဲတပ်ဖွဲ့ဝင် ၂ ဦးတို့ အလင်းဝင်ရောက်ခဲ့ပြီး၊ လက်ရှိတွင် လွတ်မြောက်နယ်မြေကို ရောက်ရှိနေထိုင်ကြပြီးဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်၏ ချင်းပြည်အစိုးရတွင် ဝန်ကြီး ၂ ဦး ထပ်မံခန့်အပ်

ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်

၃ လအတွင်း တပ်ကြပ်တစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား (၁၉) ဦး အလင်းဝင်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.