Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းမြို့ ခလရ ၂၆၈ မှ စစ်ကောင်စီတပ်သား ၁ ဦး တီးတိန်ပအဖထံ အလင်းဝင်

ဖလမ်းမြို့ ခလရ ၂၆၈ မှ စစ်ကောင်စီတပ်သား ၁ ဦး တီးတိန်ပအဖထံ အလင်းဝင်

0
By Editor on August 30, 2024 Khonumthung

(006SV)

ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ စစ်ကောင်စီ၏ ခလရ – ၂၆၈ တပ်ရင်းမှ တပ်သား ၁ ဦးသည် တီးတိန်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံ ဆက်သွယ်၍ အလင်းဝင်လာကြောင်း သတင်းရရှိသည်။

ဩဂုတ်လ ၂၉ ရက်က ဖလမ်းမြို့စစ်ကောင်စီ၏ ခလရ ၂၆၈ တပ်ရင်းမှ တပ်သား ဦးကျင့်လမ်းမုံ သည် တီးတိန်မြို့နယ်ပအဖထံ အလင်းဝင်ချင်ကြောင်း ဆက်သွယ်လာပြီးနောက် တော်လှန်ရေးအင်အားစုတချို့က သွားရောက်ကြိုဆို၍ လွမ်မြောက်နယ်မြေသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း တီးတိန်မြို့နယ်ပအဖ တာဝန်ခံက ပြောသည်။

“စခန်းထဲ ထွက်ချင်တဲ့ သူက တော်တော်များနေပြီတဲ့။ စစ်တပ်က တော်တော်ကြပ်နေတယ် ပြောပါတယ်။ ဒါပေမယ့် တစ်ယောက် နဲ့ တစ်ယောက်က မပြောရဲကြဘူးပေါ့။ ယုံကြည်မှု သိပ်မရှိကြဘူးပေါ့။ အလင်းဝင်ချင်တယ် ဆိုပြီး အဆက်အသွယ်လုပ်တယ်။ အဲဒါနဲ့ သူလည်း ဘယ်သူ့မှ မပြောရဲဘဲ သူဟာနဲ့ သူပဲ ကျနော်တို့ဆီကို ဆက်သွယ်ပြီးတော့ ထွက်လာခဲ့တာ” ဟု တီးတိန်မြို့နယ် ပအဖ တာဝန်ခံက ပြောသည်။

ဖလမ်းမြို့ ခလရ ၂၆၈ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ပန်းနေကြပြီး တပ်ထဲတွင်လည်း တပ်ဖွဲ့ဝင်များကို စည်းကမ်းများ ပိုမိုတင်းကြပ်မှု ပြုလုပ်လာနေကြောင်း သိရသည်။

ဖလမ်းမြို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသည် စခန်းမှ စွန့်ခွာ၍ အလင်းဝင်ချင်ကြသော်လည်း တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုမရှိသောကြောင့် ဖွင့်မပြောရဲကြကြောင်း အလင်းဝင် စစ်ကောင်စီရဲဘော်ထံမှ သိရသည်။

“ကျနော်တို့ ပြောချင်တာက စစ်တပ်ထဲက လူတွေ ကျနော်တို့ကို ဆက်သွယ်ပါ။ အချိန်မရွေး လာကြိုပါမယ်။ လာကြိုပြီးမှ သူတို့အတွက် လုံခြုံတဲ့နေရာကို ပို့ပေးပါမယ်ဆိုတဲ့အကြောင်း သတင်းစကားကို ပါးချင်ပါတယ်” ဟု တီးတိန်မြို့နယ်ပအဖ တာဝန်ခံက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကျော်နှင့် တွန်းဇံမြို့က ရဲတပ်ဖွဲ့ဝင် ၂ ဦးတို့ အလင်းဝင်ရောက်ခဲ့ပြီး၊ လက်ရှိတွင် လွတ်မြောက်နယ်မြေကို ရောက်ရှိနေထိုင်ကြပြီးဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

မီဇိုရမ်ပြည်နယ်က ၁၅ နှစ်အရွယ်ကျောင်းသူကို သတ်ဖြတ်သူ ၂ ဦးကို ရဲတပ်ဖွဲ့ကဖော်ထုတ်ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 24, 2026

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

August 24, 2026

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

August 21, 2026

အိုင်ဇောလ်ချင်းငြိမ်းချမ်းရေးညီလာခံမှာ CC နှင့် ICNCC တို့ကို CPRI က သီးခြားစီတွေ့ဆုံဆွေးနွေး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.