Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»“ဖားကန့်နယ်မြေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်း (Rules of Engagement-ROE) အတိုင်း ဆောင်ရွက်” ဆိုပြီး စစ်ကောင်စီထောက်ခံတဲ့ မီဒီယာမှ ဝါဒဖြန့်ရေးသား

“ဖားကန့်နယ်မြေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်း (Rules of Engagement-ROE) အတိုင်း ဆောင်ရွက်” ဆိုပြီး စစ်ကောင်စီထောက်ခံတဲ့ မီဒီယာမှ ဝါဒဖြန့်ရေးသား

0
By Editor on October 28, 2022 Khonumthung

FactCheck

ဒီအကြောင်းအရာကို စစ်ကောင်စီလက်အောက်ခံ Myanmar Local News Digital ကနေ “လုံခြုံရေးတပ်ဖွဲ့ ဝင်များအနေနဲ့ နယ်မြေတည်ငြိမ်ရေးနဲ့ ငြိမ်ချမ်းရေးတို့အတွက် လိုအပ်တဲ့ သောင်းကျန်းသူ ချေမှုန်းရေး၊ စစ်ဆင်ရေးများကို ဂျီနီဗာကွန်ဗန်းရှင်း (၄)ရပ်ကို အခြေခံတဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ဥပဒေ(Law of Armed Conflict)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ပြန်ထားရှိတဲ့ ထိတွေ့တိုက်ခိုက်မှု ဆိုင်ရာစည်းမျဉ်း(Rules of Engagement-ROE)အတိုင်း ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိတယ်”လို့ရေးသားဖော်ပြ ထားတာပဲဖြစ်ပါတယ်။

ဒါဟာ ကချင်းပြည်နယ် ဖားကန့်မြို့နယ် KIO ၏ တပ်မဟာ ၉ ထိန်းချုပ်နယ်မြေအတွင်းရှိ အနန့်ပါ (A Nang Pa) ကျေးရွာမှာ အောက်တိုဘာ ၂၃ ရက်နေ့ညက တေးဂီတဖျော်ဖြေပွဲပြုလုပ်နေစဉ် စစ်ကောင်စီက တိုက်လေယာဉ်နဲ့ လူအုပ်ကြားထဲသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူအမြောက်အများသေဆုံးခဲ့မှု အပြီးမှာ စစ်ကောင်စီထောက်ခံတဲ့ မီဒီယာအမည်ခံများက အထက်ပါကဲ့သို့ ဝါဒဖြန့်ရေးသားလာတာဖြစ်ပါတယ်။

အဲဒီဗုံးကြဲတိုက်မှုကြောင့် သေဆုံးတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း Myanmar Local News Digital က ခုလိုဆက်လက်ဖော်ပြခဲ့ပါတယ်။
“Khit Thit Media အပါအဝင် သတင်းလိမ်၊ သတင်းတု၊ သတင်းမှား ဖော်ပြနေကြတဲ့ သတင်းဌာနများမှာ ဖော်ပြခဲ့တဲ့ ပြည်သူ ၅၀ ကျော်နဲ့ အနုပညာရှင်များသေဆုံးခဲ့ရဆိုတဲ့ ထုတ်ပြန်ချက်ဟာ ကောလဟလသာဖြစ်ပြီး အတည်ပြုနိုင်တဲ့ မြေပြင်သတင်းများနဲ့ လိုင်ဇာ၊ KIO ဗဟိုဌာနချုပ်ရဲ့ အတွင်းသတင်းများအရ တပ်မဟာမှူး အဆင့်ရှိ ဒူကဘာ လအောင်၊ သယံဇာတတိုင်းတာရေး တာဝန်ခံဆိုသူ ဖေရန်တို့ အပါအဝင် KIA နဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များသာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိခဲ့တယ်။” လို့ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ မှော်ပုံကျေးရွာအနီး KIA တပ်မဟာ ၉၊ အနန့်ပါ (A Nang Pa) ကျေးရွာမှာ အောက်တိုဘာ ၂၃ ရက် ည ၈ နာရီဝန်းကျင်က ၆၂ နှစ်မြောက် KIO/KIA တည်ထောင်ခြင်း အထိမ်းအမှတ်ဖျော်ဖြေရေးပွဲ ကျင်းပပြုလုပ်နေချိန် တိုက်လေယာဉ် ၃ စင်းနဲ့ ဗုံးကြဲတိုက်ခို က်ခဲ့တာဖြစ်ပါတယ်။ အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကချင်အနုပညာရှင်များနှင့် KIA တပ်သားများအပါအဝင် အရပ်သားပြည်သူ ၈၀ ကျော်သေဆုံးခဲ့သည်ဟု ယုံကြည်စိတ်ချရသော ပြည်တွင်း ပြည်ပသတင်းဌာနတွေမှာ လည်းဖော်ခဲ့ကြပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး KIO ကတော့ ဒီကနေ့အောက်တိုဘာလ ၂၅ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပြီး “A Nang Pa သည် KIA တပ်စခန်းမဟုတ်ပါ၊ ခရီးသွားများ ခေတ္တခဏအနားယူကြသည့် ဈေးဆိုင်တန်းစခန်း ငယ်နေရာဖြစ်သည်ကို အာဏာရှင်စစ်ကောင်စီတပ်က သိရှိထားသော်လည်း လူအစုလိုက်အပြုံလိုက်သေကြေ ရန် ရည်ရွယ်ချက်ရှိရှိဖြင့်တိုက်ခိုက်ခဲ့သဖြင့် တန်ဘိုးမဖြတ်နိုင်သော အရပ်သားပြည်သူများနှင့် KIO အမှုထမ်း များမြောက်များစွာထိခိုက်သေဆုံးခဲ့ရကာ ပြည်သူအများကများစွာဝမ်းနည်းကြေကွဲထိပ်လန့်ခဲ့ရသည်” ဟု ဖော်ပြထားသည်။

ဒါကြောင့် Myanmar Local News Digital မှာဖော်ပြတဲ့ “ဖားကန့်နယ်မြေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား ထိတွေ့ တိုက်ခိုက်မှု ဆိုင်ရာစည်းမျဉ်း (Rules of Engagement-ROE)အတိုင်း ဆောင်ရွက်” ဆိုတဲ့သတင်းဟာ သတင်းအမှား ဝါဒဖြန့်ချိရေးသက်သက်သာဖြစ်ပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတွေဖတ်ရှုတဲ့နေရာမှာ အထူးဂရုစိုက်ဖို့လိုအပ်ပြီး ယုံကြည်စိတ်ချရသော သတင်းဌာနတွေမှာ ဖော်ပြတဲ့သတင်းတွေကိုသာ ရွေးချယ်ဖတ်ရှုပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

ချင်းလူငယ်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ကင်ဆာရောဂါဖြင့်ကွယ်လွန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.