Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဗါးရ် – လုမ်ဘန်း ကားလမ်းမပေါ်မြေပြိုမှု ပြုပြင်ပြီးစီးဟု CNO ထုတ်ပြန်

ဗါးရ် – လုမ်ဘန်း ကားလမ်းမပေါ်မြေပြိုမှု ပြုပြင်ပြီးစီးဟု CNO ထုတ်ပြန်

0
By Editor on August 14, 2024 Headline

(004SS)

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ ဗါးရ် – လုမ်ဘန်းရွာ အကြား ကားလမ်းမ‌ပေါ် မြေပြိုမှုအား ပြုပြင်ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က ယနေ့ သြဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ဗဟိုကော်မတီ ညွှန်ကြားမှုနှင့် Falam Regional Committee မှ တာဝန်ယူ ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပြီး ယမန်နေ့တွင် စက်ကြီး JCB ဖြင့် ပြုပြင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗါးရ် – လုမ်ဘန်းကားလမ်းသည် ကလေးမြို့မှ ချင်းတောင် ဖလမ်း၊ ဟားခါးသို့သွားရာတွင် အဓိကအသုံးပြုကြသည့် ကားလမ်းမကြီးဖြစ်သည်။

မိုးတွင်းကာလအတွင်း ချင်းပြည်နယ်တွင် ကားလမ်းပြိုမှု၊ ပျက်စီးမှုများ နှစ်စဉ်ကြုံတွေ့ကြရပြီး သြဂုတ်လ ၅ ရက်နေ့ကလည်း ဖလမ်းမြို့ ကျင်မွှာလ်ရပ်ကွက်ရှိ လူနေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့သည်။

ဇူလိုင်လ ၂၀ ရက်နေ့တွင်လည်း CNO ပြည်ထဲရေး ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများနှင့်အတူ ဖလမ်း-ရိဒ်ကားလမ်းပေါ်ရှိ လမ်းပိုင်းအချို့ကို ပြုပြင်ဆောင်ရွက်ခဲ့ပြီး ကျန်ရှိနေသည့် လမ်းပိုင်းအချို့ကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု CNO က ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သော ဇူလိုင်လ တစ်ရက်နေ့မှစ၍ ဖလမ်းမြို့နယ်အတွင်းရှိ ကလေး-ဖလမ်း-ဟားခါးလမ်း၊ ဝေဘူလလမ်း၊ ဖလမ်း-ရိလမ်းနှင့် ကလေး-ကဘော်ကားလမ်းများအား မိုးတွင်းကာလ လမ်းပျက်စီးမှုအခြေအနေများကြောင့် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နိုင်ရန် ကုန်တင်ယာဉ်နှင့် လိုင်းကားများအား အမျိုးအစားအလိုက် ဖြတ်သန်းခပေးဆောင်ရန် ချင်းအမျိုးသားအဖွဲ့ချုပ် CNO က အသိပေးချက်ထုတ်ပြန်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.