Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဗါးရ် – လုမ်ဘန်း ကားလမ်းမပေါ်မြေပြိုမှု ပြုပြင်ပြီးစီးဟု CNO ထုတ်ပြန်

ဗါးရ် – လုမ်ဘန်း ကားလမ်းမပေါ်မြေပြိုမှု ပြုပြင်ပြီးစီးဟု CNO ထုတ်ပြန်

0
By Editor on August 14, 2024 Headline

(004SS)

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ ဗါးရ် – လုမ်ဘန်းရွာ အကြား ကားလမ်းမ‌ပေါ် မြေပြိုမှုအား ပြုပြင်ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က ယနေ့ သြဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ဗဟိုကော်မတီ ညွှန်ကြားမှုနှင့် Falam Regional Committee မှ တာဝန်ယူ ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပြီး ယမန်နေ့တွင် စက်ကြီး JCB ဖြင့် ပြုပြင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗါးရ် – လုမ်ဘန်းကားလမ်းသည် ကလေးမြို့မှ ချင်းတောင် ဖလမ်း၊ ဟားခါးသို့သွားရာတွင် အဓိကအသုံးပြုကြသည့် ကားလမ်းမကြီးဖြစ်သည်။

မိုးတွင်းကာလအတွင်း ချင်းပြည်နယ်တွင် ကားလမ်းပြိုမှု၊ ပျက်စီးမှုများ နှစ်စဉ်ကြုံတွေ့ကြရပြီး သြဂုတ်လ ၅ ရက်နေ့ကလည်း ဖလမ်းမြို့ ကျင်မွှာလ်ရပ်ကွက်ရှိ လူနေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့သည်။

ဇူလိုင်လ ၂၀ ရက်နေ့တွင်လည်း CNO ပြည်ထဲရေး ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများနှင့်အတူ ဖလမ်း-ရိဒ်ကားလမ်းပေါ်ရှိ လမ်းပိုင်းအချို့ကို ပြုပြင်ဆောင်ရွက်ခဲ့ပြီး ကျန်ရှိနေသည့် လမ်းပိုင်းအချို့ကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု CNO က ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သော ဇူလိုင်လ တစ်ရက်နေ့မှစ၍ ဖလမ်းမြို့နယ်အတွင်းရှိ ကလေး-ဖလမ်း-ဟားခါးလမ်း၊ ဝေဘူလလမ်း၊ ဖလမ်း-ရိလမ်းနှင့် ကလေး-ကဘော်ကားလမ်းများအား မိုးတွင်းကာလ လမ်းပျက်စီးမှုအခြေအနေများကြောင့် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နိုင်ရန် ကုန်တင်ယာဉ်နှင့် လိုင်းကားများအား အမျိုးအစားအလိုက် ဖြတ်သန်းခပေးဆောင်ရန် ချင်းအမျိုးသားအဖွဲ့ချုပ် CNO က အသိပေးချက်ထုတ်ပြန်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.