Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဗိုလ်ချုပ်ထွန်းမြတ်နိုင် နှင့် MTC/ MDF ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံ

ဗိုလ်ချုပ်ထွန်းမြတ်နိုင် နှင့် MTC/ MDF ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံ

0
By Editor on February 10, 2026 Headline

(006SV)

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မရာနယ်မြေ အုပ်ချုပ် ရေး ကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/ MDF) တွေ့ဆုံပြီး အနာဂါတ်တွင် ပိုမိုခိုင်မာသော လက်တွဲ ပူးပေါင်းမှုများ တည်ဆောက်သွားလိုကြောင်း ကြေညာသည်။

ULA/ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် MTC/ MDF ထိပ်ပိုင်းခေါင်းဆောင်များသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က တရားဝင်တွေ့ဆုံခဲ့ကြပြီး ယင်းတွေ့ဆုံမှု မှတ်တမ်းများကို ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်တွင် MTC သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

“ယခင်ကတည်းက မဟာမိတ်ထက်ပိုသော ဂရုစိုက်မှုနှင့် ဖော်ရွေမှုများ ပြသပေးခဲ့သည့် ULA/AA အား လေးစားကျေးဇူးတင်ရှိပြီး၊ အနာဂတ်တွင်လည်း မိတ်ဖက်စိတ်ဓာတ်၊ ယုံကြည်မှုနှင့် နားလည်မှုများအပေါ် အခြေခံကာ ပိုမိုခိုင်မာသော လက်တွဲပူးပေါင်းမှုများ တည်ဆောက်သွားလိုပါသည်” ဟု MTC ၏ အဆိုပါထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

MTC/ MDF သည် ၂၀၂၃ ခုနှစ် ချင်းပြည်နယ် ပလက်ဝမြို့နယ် နှင့် ရခိုင်ပြည်နယ်က ULA/ AA ၏ စစ်ဆင်ရေးများတွင် ပါဝင်တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင်လည်း စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိကြောင်း သိရသည်။

၂၀၂၅ ဒီဇင်ဘာလကလည်း တော်လှန်တိုက်ပွဲများတွင် ကိုယ်လက်အင်္ဂါဆုံးရှုံးရသော MTC/ MDF ရဲဘော်များအတွက် ULA/ AA ၏ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဦးဆောင်သော သူပုန်ဖြူကဗျာစာအုပ်အဖွဲ့က သူပုန်ဖြူ ကဗျာစာအုပ်များ၊ လွယ်အိတ်များနှင် ငွေသား သိန်း ၂၀ ပေးခဲ့ကြောင်း သိရသည်။

MTC/ MDF သည် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပြီး မဟာမိတ်ဆက်ဆံရေး အခိုင်အမာ တည်ဆောက်ထားသော ချင်းညီနောင်အဖွဲ့ကို ULA/ AA သည် စစ်ရေး အထောက်အပံ့များ ကူညီနေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.