Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မကွေးတိုင်း၊ ပေါက်မြို့နယ် ကြက်ဆူအိုင့်ရွာကို မြိုင်ပဒက်များ မီးရှို့ထွက်ပြေးနေလို့ စစ်ကြောင်းမှ လိုက်လံရှင်းလင်းနေ ဆိုတဲ့သတင်းအမှား

မကွေးတိုင်း၊ ပေါက်မြို့နယ် ကြက်ဆူအိုင့်ရွာကို မြိုင်ပဒက်များ မီးရှို့ထွက်ပြေးနေလို့ စစ်ကြောင်းမှ လိုက်လံရှင်းလင်းနေ ဆိုတဲ့သတင်းအမှား

0
By Editor on September 28, 2022 Khonumthung

ဒီသတင်းအမှားကို Yandar Maung ဆိုတဲ့ Facebook အကောင့်ကနေ “မကွေးတိုင်း၊ ပေါက်မြို့နယ် ကြက်ဆူအိုင့်ရွာကို မြိုင်ပဒက်များ မီးရှို့ထွက်ပြေးနေလို့ စစ်ကြောင်းမှ လိုက်လံရှင်းလင်းနေ” ဆိုပြိးရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းဖြစ်စဉ်နဲ့ပတ်သက်ပြီးရှာဖွေစီစစ်ကြည့်လိုက်တဲ့အခါမှာတော့ မြိုင်မြို့နယ်မှ ပြည်သူ့ ကာကွယ်ရေးတပ်- ပြန်ကြားရေးတဦးက “အဲဒီစစ်ကြောင်းကပဲ တဖွဲ့က သရက်ကန်ရေနံမြေ ရဲစခန်းထဲမှာ ဆေးကုနေတယ်။ နောက်တဖွဲ့က မြိုင်နယ်စပ်နဲ့ ပေါက်နယ်စပ်အဆုံး ဖြစ်တဲ့ ရေနံမှော်ဘက်ဖြစ်တဲ့ ကြက် ဆူအိုင့် ရွာဘုန်းကြီးကျောင်းထဲမှာ တပ်စွဲပြီး ဒီမနက်မှာ ရွာထဲက ပြည်သူပိုင် ရေနံတွင်းတွေနဲ့ အိမ်တွေကို မီးရှို့ ဖျက် ဆီးနေတယ်။ အခုထိ လောင်နေတုန်း။ ဒီမနက်မှာ တိုက်ပွဲဖြစ်တာ မရှိဘဲ ဝင်ပြီး မီးရှို့တာ။ အိမ် ခြေကတော့ ရာနဲ့ချီ ရှိတယ်ဗျ” ဧရာဝတီသတင်းဌာနမှာရေးသားဖော်ပြထားပါတယ်။

Link>>> https://www.facebook.com/theirrawaddyburmese/posts/pfbid02Y9FFBBNyBKQstXbxm4ZZ1dFdMm16vsY1v67jwmKgGmWByvynFkGxZFAUEiptDHFsl

နောက်ထပ် Khithit Media မှာလည်း “အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြိုင်မြို့နယ် အနောက်ပိုင်းမှ ပေါက်နယ်စပ်ကို စက်တင်ဘာလ ၂၅ ရက်နေ့ ညပိုင်းက ရောက်ရှိလာပြီး ယနေ့ နံနက် ၇ နာရီခန့်တွင် ကြက်ဆူအိုင့်ရွာကို ဝင်ရောက်စီးနင်း မီးရှို့နေခြင်း ဖြစ်ကြောင်း သိရသည်။

” မနေ့ညက မြိုင်နယ်အနောက်ပိုင်း ပေါက်နယ်စပ်က ပေါက်မြို့နယ် ကြက်ဆူအိုင့်ရွာမှာ ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ယနေ့မနက် 7:00 လောက်မှာ ကြက်ဆူအိုင့်ရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။ အိမ်ခြေကတော့ အရင်က နှစ်ရာလောက်ရှိတယ်။ အဲ့ဒီရွာက ပေါက်နယ်နဲ့ မြိုင်နယ်အစပ်မှာ ရှိတာပါရွာပတ်လည်မှာ ရေနံထွက်တော့ ရွာက စည်တယ်။ အိမ်ခြေက အခုတော့ ဘယ်လောက်ရှိမလဲ အတိအကျမပြောတတ်ဘူး” ဟု We love myaing အဖွဲ့ထံမှ သိရသည်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

Link>>> https://www.facebook.com/khitthitnews/posts/pfbid0jg3rwYGwwyd3EqoLKu2kDyHKbbeg8JX8F5vgj43vfPgYVaSCDz8A9F1pjdoSnPa9l

စက်တင်ဘာလ (၂၆) ရက်နေ့ မနက် ၁၀ နာရီခွဲအထိ ကြက်ဆူအိုင့်ရွာမှာ မီးလောင်နေဆဲ ဖြစ်ပြီး ကြက်ဆူ အိုင့်ရွာ အပါအဝင် နသတ် အစရှိတဲ့ရွာများ ဒေသခံ လူဦးရေ ၂၀၀၀ နီးပါးခန့် ထွက်ပြေးနေရ တာဖြစ်ဖြစ်ပါတယ်။

ကြက်ဆူအိုင့် ကျေးရွာအား မီးရှို့သွားတဲ့ စစ်ကောင်စီတပ်ဟာ လက်ရှိမှာ ဦးဝဲရေနံမှော်ကိုရောက်ရှိနေပြီး အောင်လွမ်းတောင်ပေါ်ကို ဦးတည်သွားရောက်နေကြောင်း ဒေသခံများထံက သိရပါတယ်။

ပြည်သူများအနေနဲ့ သတင်းအမှားအမှန်ကို ခွဲခြားသိမြင်ပြီး သတင်းရင်းမြစ်မှန်ကန်တဲ့သတင်းများကိုသာဖတ်ရှု့ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.