Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မကွေးတိုင်း၊ ပေါက်မြို့နယ် ကြက်ဆူအိုင့်ရွာကို မြိုင်ပဒက်များ မီးရှို့ထွက်ပြေးနေလို့ စစ်ကြောင်းမှ လိုက်လံရှင်းလင်းနေ ဆိုတဲ့သတင်းအမှား

မကွေးတိုင်း၊ ပေါက်မြို့နယ် ကြက်ဆူအိုင့်ရွာကို မြိုင်ပဒက်များ မီးရှို့ထွက်ပြေးနေလို့ စစ်ကြောင်းမှ လိုက်လံရှင်းလင်းနေ ဆိုတဲ့သတင်းအမှား

0
By Editor on September 28, 2022 Khonumthung

ဒီသတင်းအမှားကို Yandar Maung ဆိုတဲ့ Facebook အကောင့်ကနေ “မကွေးတိုင်း၊ ပေါက်မြို့နယ် ကြက်ဆူအိုင့်ရွာကို မြိုင်ပဒက်များ မီးရှို့ထွက်ပြေးနေလို့ စစ်ကြောင်းမှ လိုက်လံရှင်းလင်းနေ” ဆိုပြိးရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းဖြစ်စဉ်နဲ့ပတ်သက်ပြီးရှာဖွေစီစစ်ကြည့်လိုက်တဲ့အခါမှာတော့ မြိုင်မြို့နယ်မှ ပြည်သူ့ ကာကွယ်ရေးတပ်- ပြန်ကြားရေးတဦးက “အဲဒီစစ်ကြောင်းကပဲ တဖွဲ့က သရက်ကန်ရေနံမြေ ရဲစခန်းထဲမှာ ဆေးကုနေတယ်။ နောက်တဖွဲ့က မြိုင်နယ်စပ်နဲ့ ပေါက်နယ်စပ်အဆုံး ဖြစ်တဲ့ ရေနံမှော်ဘက်ဖြစ်တဲ့ ကြက် ဆူအိုင့် ရွာဘုန်းကြီးကျောင်းထဲမှာ တပ်စွဲပြီး ဒီမနက်မှာ ရွာထဲက ပြည်သူပိုင် ရေနံတွင်းတွေနဲ့ အိမ်တွေကို မီးရှို့ ဖျက် ဆီးနေတယ်။ အခုထိ လောင်နေတုန်း။ ဒီမနက်မှာ တိုက်ပွဲဖြစ်တာ မရှိဘဲ ဝင်ပြီး မီးရှို့တာ။ အိမ် ခြေကတော့ ရာနဲ့ချီ ရှိတယ်ဗျ” ဧရာဝတီသတင်းဌာနမှာရေးသားဖော်ပြထားပါတယ်။

Link>>> https://www.facebook.com/theirrawaddyburmese/posts/pfbid02Y9FFBBNyBKQstXbxm4ZZ1dFdMm16vsY1v67jwmKgGmWByvynFkGxZFAUEiptDHFsl

နောက်ထပ် Khithit Media မှာလည်း “အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြိုင်မြို့နယ် အနောက်ပိုင်းမှ ပေါက်နယ်စပ်ကို စက်တင်ဘာလ ၂၅ ရက်နေ့ ညပိုင်းက ရောက်ရှိလာပြီး ယနေ့ နံနက် ၇ နာရီခန့်တွင် ကြက်ဆူအိုင့်ရွာကို ဝင်ရောက်စီးနင်း မီးရှို့နေခြင်း ဖြစ်ကြောင်း သိရသည်။

” မနေ့ညက မြိုင်နယ်အနောက်ပိုင်း ပေါက်နယ်စပ်က ပေါက်မြို့နယ် ကြက်ဆူအိုင့်ရွာမှာ ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ယနေ့မနက် 7:00 လောက်မှာ ကြက်ဆူအိုင့်ရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။ အိမ်ခြေကတော့ အရင်က နှစ်ရာလောက်ရှိတယ်။ အဲ့ဒီရွာက ပေါက်နယ်နဲ့ မြိုင်နယ်အစပ်မှာ ရှိတာပါရွာပတ်လည်မှာ ရေနံထွက်တော့ ရွာက စည်တယ်။ အိမ်ခြေက အခုတော့ ဘယ်လောက်ရှိမလဲ အတိအကျမပြောတတ်ဘူး” ဟု We love myaing အဖွဲ့ထံမှ သိရသည်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

Link>>> https://www.facebook.com/khitthitnews/posts/pfbid0jg3rwYGwwyd3EqoLKu2kDyHKbbeg8JX8F5vgj43vfPgYVaSCDz8A9F1pjdoSnPa9l

စက်တင်ဘာလ (၂၆) ရက်နေ့ မနက် ၁၀ နာရီခွဲအထိ ကြက်ဆူအိုင့်ရွာမှာ မီးလောင်နေဆဲ ဖြစ်ပြီး ကြက်ဆူ အိုင့်ရွာ အပါအဝင် နသတ် အစရှိတဲ့ရွာများ ဒေသခံ လူဦးရေ ၂၀၀၀ နီးပါးခန့် ထွက်ပြေးနေရ တာဖြစ်ဖြစ်ပါတယ်။

ကြက်ဆူအိုင့် ကျေးရွာအား မီးရှို့သွားတဲ့ စစ်ကောင်စီတပ်ဟာ လက်ရှိမှာ ဦးဝဲရေနံမှော်ကိုရောက်ရှိနေပြီး အောင်လွမ်းတောင်ပေါ်ကို ဦးတည်သွားရောက်နေကြောင်း ဒေသခံများထံက သိရပါတယ်။

ပြည်သူများအနေနဲ့ သတင်းအမှားအမှန်ကို ခွဲခြားသိမြင်ပြီး သတင်းရင်းမြစ်မှန်ကန်တဲ့သတင်းများကိုသာဖတ်ရှု့ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.