Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မကွေးတိုင်း ငဖဲမြို့နယ်တွင် အရှိုချင်းအမျိုးသမီးနှစ်ဦး အသတ်ခံရ

မကွေးတိုင်း ငဖဲမြို့နယ်တွင် အရှိုချင်းအမျိုးသမီးနှစ်ဦး အသတ်ခံရ

0
By Editor on October 11, 2022 Headline

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဘုံးဘောကျေးရွာတွင် နေထိုင်ကြသော အရှိုချင်းအမျိုးသမီးနှစ်ဦးသည် ၃ ရက်ကြာပျောက်ဆုံးပြီးနောက် အောက်တိုဘာလ ၉ ရက်နေ့က အသတ်ခံထားရသော ရုပ်အလောင်းအား တွေ့ရှိခဲ့ကြသည်ဟု သိရသည်။

အသတ်ခံရသူနှစ်ဦးမှာ အသက် ၁၄ နှစ်အရွယ် မိုင်နှောင်ပါလှနှင့် အသက်၂၁ နှစ်အရွယ် မိုင်ရွှေဇင်ရဲ (ခေါ်) မခင်ဝင်းတို့ဖြစ်ကြပြီး အောက်တိုဘာလ ၆ ရက်နေ့က ဂုတ်ကြီးရွာမှ ဘုံးဘောကျေးရွာသို့ အပြန်လမ်းတွင် ပျောက်ဆုံးသွားခဲ့ပြီး အောက်တိုဘာလ ၉ ရက်နေ့တွင် သေဆုံးလျှက်ရှိနေသော ၎င်းတို့၏ ရုပ်အလောင်းကို မြေလတ်ရွာအပြင်တွင် တွေ့ရှိခဲ့ကြသည်ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

“၆ ရက်နေ့မှာ ပျောက်သွားတာ၊ ရွာတွေပေါင်းပြီးမှရှာကြလို့ ၉ ရက်နေ့ကျမှ ပြန်တွေ့တာ မြေလတ်ရွာဆိုတာရှိတယ် အဲဒီရွာရဲ့အပြင်မှာတွေ့တာ ဒဏ်ရာတွေရှိတယ်လို့ပြောတယ်၊ အခုကတော့ သူတို့ကို မီးသဂြိုလ်လိုက်ပြီ၊ ဘယ်လိုကြောင့် ပျောက်သွားတယ်ဆိုတာမသိရဘူး” ဟု ဆွေမျိုးတော်စပ်သူက ပြောသည်။

မိုင်ရွှေဇင်ရဲသည် ရပ်ရွာထဲတွင် ကလေးငယ်များအား စာသင်ပြပေးနေသော မူကြိုဆရာမတစ်ဦးဖြစ်ပြီး မိုင်နောင်ပါလှသည် (၇) တန်းကျောင်းသူတစ်ဦးဖြစ်သည်ဟု သိရသည်။

ငဖဲမြို့နှင့် မိုင် ၃၀ ခန့်ကွာဝေးသော ဘုံးဘောကျေးရွာသည် အရှိုချင်းလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်ပြီး ငဖဲမြို့နယ်တွင် အရှိုချင်းလူမျိုးများနေထိုင်သည့် ၁၀ ရွာကျော်ရှိသည်ဟု သိရသည်။

အလောင်းတွေ့ရှိသည့် မြေလတ်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့ တပ်မ ၈၈ တပ်စွဲလေ့ရှိပြီး ဂုတ်ကြီးရွာတွင်လည်း စစ်ကောင်စီ နယ်မြေရဲစခန်းတစ်ခုရှိသည့်အပြင် အနီးအနားပတ်ဝန်းကျင်ကျေးရွာများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှုရှိပြီး ယခုသေဆုံးမှုနှင့်ပတ်သက်၍ မည်သည့်လက်ချက်ဖြစ်သည်ကိုမူ အတိအကျ မသိရသေးပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.