Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်တွင် စစ်ကောင်စီက အရပ်သားပြည်သူများ ဖမ်းဆီးမှုရှိနေ
Photo Crd- HKL Mindat (ယခင်ပုံဟောင်း)

မင်းတပ်တွင် စစ်ကောင်စီက အရပ်သားပြည်သူများ ဖမ်းဆီးမှုရှိနေ

0
By Editor on February 27, 2024 Headline

(004SS)

ချင်းပြည်နယ် တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများ ဖမ်းဆီးမှုရှိနေပြီး တချို့ကို ပြန်လွှတ်ပေးသော်လည်း တချို့ကိုတော့ ၂၇၄ တပ်ရင်းထဲ ဆက်လက်ထိန်းသိမ်းထားသည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်အစောပိုင်း ၆ နာရီဝန်းကျင်ခန့်တွင် မင်းတပ်မြို့အနီးရှိ ရွီတွီးရွာနှင့် ပန်းအော့ရွာသို့ အင်အား ၅၀ ကျော်ရှိသော စစ်ကောင်စီတပ်ဖွဲ့များဝင်ရောက်ကာ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအ၀င် အရပ်သားပြည်သူ ၁၃ ဦးခန့်ဖမ်းဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“သူတို့က ရွီတွီးတို့ ပန်းအော့ရွာတွေကိုဝင်တာပေါ့နော်၊ အရင်ဦးဆုံး ရွီတွီးကိုဝင်တာလေ အဲမှာ ၄ ယောက်ဖမ်းတယ်၊ ပြီးတော့ တခြားရွာတွေလဲ ဝင်ပြီးမှ စစ်ဆေးကြတယ်လို့ပြောတယ်။ မ‌ေန့က စုစုပေါင်းအဖမ်းခံရတာ ၁၃ ယောက်ရှိတယ် အဲထဲမှာ ၁၀ ယောက်ကို ပန်းအော့ရွာထိပ်ရောက်တော့ လွှတ်ပေးတယ် ၃ ယောက်ကိုခေါ်သွားကြတယ်” ဟု ဖမ်းဆီးခံရသူနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီက ပြန်မလွှတ်ဘဲ ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦးဖြစ်ကြပြီး ၎င်းတို့အနက် အမျိုးသားတစ်ဦးထံ အိုင်ကွန် ဖမ်းမိခြင်းကြောင့် ရိုက်နှက်ခံခဲ့ရကာ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

“ဖမ်းတဲ့ထဲက ယောကျာ်းလေး တစ်ယောက်ကိုတော့ အိုင်ကွန်နဲ့အတူ ဖမ်းမိတယ်လို့‌‌ေပြာတယ်၊ ဒါနဲ့ဖမ်းထားတဲ့ တခြားသူတွေကို တဘက်လှည့်ခိုင်းထားပြီး အဲတစ်ယောက်ကို အမျိုးမျိုးနှိပ်စက်ကြတယ်။ ပြီးမှ မိန်းခလေးတစ်ယောက်နဲ့ ယောကျာ်းလေး ၁ ယောက်နဲ့ ခေါ်သွားကြတယ်” ဟု ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူတစ်ဦးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မင်းတပ်မြို့အခြေစိုက် ၂၇၄ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့ပေါ်နှင့် အနီးတ၀◌ိုက် ကျေးရွာများသို့ ကင်းလှည့်သွားလာလေ့ရှိသည်ဟုသိရသည်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဉပဒေပြဌာန်းပြီးနောက် မကြာသေးခင် ရက်ပိုင်းကလည်း မင်းတပ်မြို့ပေါ်တွင် လူဦးရေ စာရင်းကောက်ယူမှုများရှိသည်ဟု သတင်းများထွက်ပေါ်သောလည်း ခိုနူမ်းသုန်အနေဖြင့် သီးခြားအတည်ပြု၍မရသေးပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.