Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်တွင် စစ်ကောင်စီက အရပ်သားပြည်သူများ ဖမ်းဆီးမှုရှိနေ
Photo Crd- HKL Mindat (ယခင်ပုံဟောင်း)

မင်းတပ်တွင် စစ်ကောင်စီက အရပ်သားပြည်သူများ ဖမ်းဆီးမှုရှိနေ

0
By Editor on February 27, 2024 Headline

(004SS)

ချင်းပြည်နယ် တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများ ဖမ်းဆီးမှုရှိနေပြီး တချို့ကို ပြန်လွှတ်ပေးသော်လည်း တချို့ကိုတော့ ၂၇၄ တပ်ရင်းထဲ ဆက်လက်ထိန်းသိမ်းထားသည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်အစောပိုင်း ၆ နာရီဝန်းကျင်ခန့်တွင် မင်းတပ်မြို့အနီးရှိ ရွီတွီးရွာနှင့် ပန်းအော့ရွာသို့ အင်အား ၅၀ ကျော်ရှိသော စစ်ကောင်စီတပ်ဖွဲ့များဝင်ရောက်ကာ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအ၀င် အရပ်သားပြည်သူ ၁၃ ဦးခန့်ဖမ်းဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“သူတို့က ရွီတွီးတို့ ပန်းအော့ရွာတွေကိုဝင်တာပေါ့နော်၊ အရင်ဦးဆုံး ရွီတွီးကိုဝင်တာလေ အဲမှာ ၄ ယောက်ဖမ်းတယ်၊ ပြီးတော့ တခြားရွာတွေလဲ ဝင်ပြီးမှ စစ်ဆေးကြတယ်လို့ပြောတယ်။ မ‌ေန့က စုစုပေါင်းအဖမ်းခံရတာ ၁၃ ယောက်ရှိတယ် အဲထဲမှာ ၁၀ ယောက်ကို ပန်းအော့ရွာထိပ်ရောက်တော့ လွှတ်ပေးတယ် ၃ ယောက်ကိုခေါ်သွားကြတယ်” ဟု ဖမ်းဆီးခံရသူနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီက ပြန်မလွှတ်ဘဲ ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦးဖြစ်ကြပြီး ၎င်းတို့အနက် အမျိုးသားတစ်ဦးထံ အိုင်ကွန် ဖမ်းမိခြင်းကြောင့် ရိုက်နှက်ခံခဲ့ရကာ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

“ဖမ်းတဲ့ထဲက ယောကျာ်းလေး တစ်ယောက်ကိုတော့ အိုင်ကွန်နဲ့အတူ ဖမ်းမိတယ်လို့‌‌ေပြာတယ်၊ ဒါနဲ့ဖမ်းထားတဲ့ တခြားသူတွေကို တဘက်လှည့်ခိုင်းထားပြီး အဲတစ်ယောက်ကို အမျိုးမျိုးနှိပ်စက်ကြတယ်။ ပြီးမှ မိန်းခလေးတစ်ယောက်နဲ့ ယောကျာ်းလေး ၁ ယောက်နဲ့ ခေါ်သွားကြတယ်” ဟု ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူတစ်ဦးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မင်းတပ်မြို့အခြေစိုက် ၂၇၄ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့ပေါ်နှင့် အနီးတ၀◌ိုက် ကျေးရွာများသို့ ကင်းလှည့်သွားလာလေ့ရှိသည်ဟုသိရသည်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဉပဒေပြဌာန်းပြီးနောက် မကြာသေးခင် ရက်ပိုင်းကလည်း မင်းတပ်မြို့ပေါ်တွင် လူဦးရေ စာရင်းကောက်ယူမှုများရှိသည်ဟု သတင်းများထွက်ပေါ်သောလည်း ခိုနူမ်းသုန်အနေဖြင့် သီးခြားအတည်ပြု၍မရသေးပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.