Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ လအတွင်း တော်လှန်ရေးရဲဘော်အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံး၊ ၅၀ ကျော်ဒဏ်ရာရဟု CDF-Mindat ထုတ်ပြန်

မင်းတပ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ လအတွင်း တော်လှန်ရေးရဲဘော်အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံး၊ ၅၀ ကျော်ဒဏ်ရာရဟု CDF-Mindat ထုတ်ပြန်

0
By Editor on August 9, 2024 Headline

(004SS)

ချင်းပြည်နယ်၊ တောင်ပိုင်း မင်းတပ်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ လအတွင်း အရပ်သား ၈ ဦးနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ပြီး အရပ်သား ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု CDF-Mindat က ယနေ့ဩဂုတ်လ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် ၆ လတာအတွင်း မင်းတပ်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း ၈၆ ကြိမ်ပြုလုပ်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၈ ဦး (မြို့နယ်ပြင်ပသို့ ကယ်ရီသမားအဖြစ် သွားခဲ့ကြသည့် ပြည်သူ ၆ ဦးအပါ) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးတို့ သေဆုံးခဲ့ပြီး၊ ပြည်သူ ၅၀ ကျော်နှင့် ရဲဘော် ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ပြည်သူနေအိမ် ၅၃ လုံး ပျက်စီးခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်းနှင့် စာသင်ကျောင်း ၁ ဆောင် ပျက်စီးခဲ့ရသည်ဟု CDF-Mindat က ထုတ်ပြန်သည်။

CDF-Mindat အနေဖြင့် ၆ လတာအတွင် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲနှင့် မတူပီမြို့သိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ပြီး ရဲဘော် ၁၂ ဦး အသက်ပေးခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ အသက်ပေးခဲ့သည့် ရဲဘော်များအနက် ၃ ဦးမှာ ငှက်ဖျားရောဂါဖြင့် ဆုံးပါးခဲ့ရပြီး၊ မတူပီမြို့ရှိ ခလရ ၃၀၄ နှင့် ၁၄၀ စစ်စခန်းများသိမ်းပိုက်ပြီးနောက် CNA မှ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ရဲဘော် ၁ ဦး ကျဆုံးခဲ့ရကြောင်း CDF-Mindat က ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.