Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ လအတွင်း တော်လှန်ရေးရဲဘော်အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံး၊ ၅၀ ကျော်ဒဏ်ရာရဟု CDF-Mindat ထုတ်ပြန်

မင်းတပ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ လအတွင်း တော်လှန်ရေးရဲဘော်အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံး၊ ၅၀ ကျော်ဒဏ်ရာရဟု CDF-Mindat ထုတ်ပြန်

0
By Editor on August 9, 2024 Headline

(004SS)

ချင်းပြည်နယ်၊ တောင်ပိုင်း မင်းတပ်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ လအတွင်း အရပ်သား ၈ ဦးနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ပြီး အရပ်သား ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု CDF-Mindat က ယနေ့ဩဂုတ်လ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် ၆ လတာအတွင်း မင်းတပ်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း ၈၆ ကြိမ်ပြုလုပ်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၈ ဦး (မြို့နယ်ပြင်ပသို့ ကယ်ရီသမားအဖြစ် သွားခဲ့ကြသည့် ပြည်သူ ၆ ဦးအပါ) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးတို့ သေဆုံးခဲ့ပြီး၊ ပြည်သူ ၅၀ ကျော်နှင့် ရဲဘော် ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ပြည်သူနေအိမ် ၅၃ လုံး ပျက်စီးခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်းနှင့် စာသင်ကျောင်း ၁ ဆောင် ပျက်စီးခဲ့ရသည်ဟု CDF-Mindat က ထုတ်ပြန်သည်။

CDF-Mindat အနေဖြင့် ၆ လတာအတွင် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲနှင့် မတူပီမြို့သိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ပြီး ရဲဘော် ၁၂ ဦး အသက်ပေးခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ အသက်ပေးခဲ့သည့် ရဲဘော်များအနက် ၃ ဦးမှာ ငှက်ဖျားရောဂါဖြင့် ဆုံးပါးခဲ့ရပြီး၊ မတူပီမြို့ရှိ ခလရ ၃၀၄ နှင့် ၁၄၀ စစ်စခန်းများသိမ်းပိုက်ပြီးနောက် CNA မှ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ရဲဘော် ၁ ဦး ကျဆုံးခဲ့ရကြောင်း CDF-Mindat က ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.