Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့နယ်ထဲက ရုံး၊ ဌာနနှင့် တပ်ဖွဲ့များမှ Non-CDM အားလုံး ရက်ပေါင်း ၃၀ အတွင်း အလင်းဝင်ရောက်ရန် မင်းတပ် (ပအဖ) ထပ်မံကြေညာ၊ နှစ်ဆန်းတစ်ရက်နေ့က မင်းတပ်မြို့ပေါ်တိုက်ပွဲတွင် ဗိုလ်မှူးတစ်ဦးကို စနိုက်ဘာဖြင့် ပစ်ခတ်နိုင်ခဲ့

မင်းတပ်မြို့နယ်ထဲက ရုံး၊ ဌာနနှင့် တပ်ဖွဲ့များမှ Non-CDM အားလုံး ရက်ပေါင်း ၃၀ အတွင်း အလင်းဝင်ရောက်ရန် မင်းတပ် (ပအဖ) ထပ်မံကြေညာ၊ နှစ်ဆန်းတစ်ရက်နေ့က မင်းတပ်မြို့ပေါ်တိုက်ပွဲတွင် ဗိုလ်မှူးတစ်ဦးကို စနိုက်ဘာဖြင့် ပစ်ခတ်နိုင်ခဲ့

0
By Editor on January 3, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ရုံး၊ဌာနနှင့် တပ်ဖွဲ့များမှ ဝန်ထမ်းများအနေဖြင့် ရက်ပေါင်း ၃၀ အတွင်း အလင်းဝင်ရောက်ရန် မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကြေညာလိုက်သည်။

စစ်ကောင်စီလက်အောက်ခံ ရုံး၊ ဌာနနှင့် တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်နေသည့် Non – CDM ဝန်ထမ်းများအနေဖြင့် လက်ရှိဆောင်ရွက်နေမှုများကို ရပ်တန့်၍ ၂၀၂၄ ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်အတွင်း အလင်းဝင်ရောက်ကြရန် ဇန်နဝါရီလ ၁ ရက်နေ့တွင် စာဖြင့် ထုတ်ပြန်လာခြင်းဖြစ်သည်။

အလင်းဝင်ရောက်ခြင်းမရှိသည့် Non- CDM ဝန်ထမ်းများကို တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူအပြစ်ပေးသွားမည်ဖြစ်ကြောင်း မင်းတပ် (ပအဖ) က အသိပေးထုတ်ပြန်သည်။

CDF- မင်းတပ်သည် ချင်းညီနောင်အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စခန်းသိမ်းတိုက်ပွဲများ ပူးပေါင်းဆင်နွှဲသွားရန် အစီအစဉ် ရှိသည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမာန်က ခေါ်နုသုန်းသတင်းဌာကို ယနေ့ အင်တာဗျူးတွင် ဖြေဆိုထားသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက် မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်အနီးက နှစ်သစ်၏ ပထမဆုံးတိုက်ပွဲတွင် စစ်ကောင်စီမှ ဗိုလ်မှူးတစ်ဦးကို စနိုက်ဘာဖြင့် ထိမှန်အောင် ပစ်ချနိုင်ခဲ့သည်ဟု CDF မင်းတပ်က ယနေ့မှာ သတင်းထုတ်ပြန်သည်။

တိုက်ပွဲနှင့်လက်ရှိစစ်ရေးအခြေအနေဖြင့် ပတ်သက်၍ မေးမြန်းရန် CDF- မင်းတပ်သို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ထိုတိုက်ပွဲအပြီးတွင် စစ်ကောင်စီမှ အရပ်သားနေအိမ် ၂ လုံးကို မီးရှို့ဖျက်စီးခဲ့ပြီး တိုက်နယ် ၄ ဖက်သို့လည်း လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူ့ ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ ၂ ရက်ကလည်း တိုက်နယ် ၄ ဘက်သို့ လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ်ခဲ့ရာ အရပ်သားနေအိမ် ၃ လုံး ထပ်မံ ပျက်စီးခဲ့သည်ဟု သိရသည်။

ချေမှုန်းရေး ရိုင်ဖယ်သေနတ် အလက် ၅၀ အပါအဝင် လက်နက်ခဲယမ်းများ ဝင်ယူနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းအထိ ရရှိရန် ရည်မှန်းထားသည့် Project Mindat 2024 ရန်ပုံငွေ ကမ်ပိန်းကိုလည်း CDF – မင်းတပ်မှ လက်ရှိတွင်‌ ဖော်ဆောင်နေပြီး ပြည်တွင်း/ပြည်ပ ပြည်သူများ ပါဝင်အားဖြည့်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.