Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့နယ်ထဲက ရုံး၊ ဌာနနှင့် တပ်ဖွဲ့များမှ Non-CDM အားလုံး ရက်ပေါင်း ၃၀ အတွင်း အလင်းဝင်ရောက်ရန် မင်းတပ် (ပအဖ) ထပ်မံကြေညာ၊ နှစ်ဆန်းတစ်ရက်နေ့က မင်းတပ်မြို့ပေါ်တိုက်ပွဲတွင် ဗိုလ်မှူးတစ်ဦးကို စနိုက်ဘာဖြင့် ပစ်ခတ်နိုင်ခဲ့

မင်းတပ်မြို့နယ်ထဲက ရုံး၊ ဌာနနှင့် တပ်ဖွဲ့များမှ Non-CDM အားလုံး ရက်ပေါင်း ၃၀ အတွင်း အလင်းဝင်ရောက်ရန် မင်းတပ် (ပအဖ) ထပ်မံကြေညာ၊ နှစ်ဆန်းတစ်ရက်နေ့က မင်းတပ်မြို့ပေါ်တိုက်ပွဲတွင် ဗိုလ်မှူးတစ်ဦးကို စနိုက်ဘာဖြင့် ပစ်ခတ်နိုင်ခဲ့

0
By Editor on January 3, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ရုံး၊ဌာနနှင့် တပ်ဖွဲ့များမှ ဝန်ထမ်းများအနေဖြင့် ရက်ပေါင်း ၃၀ အတွင်း အလင်းဝင်ရောက်ရန် မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကြေညာလိုက်သည်။

စစ်ကောင်စီလက်အောက်ခံ ရုံး၊ ဌာနနှင့် တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်နေသည့် Non – CDM ဝန်ထမ်းများအနေဖြင့် လက်ရှိဆောင်ရွက်နေမှုများကို ရပ်တန့်၍ ၂၀၂၄ ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်အတွင်း အလင်းဝင်ရောက်ကြရန် ဇန်နဝါရီလ ၁ ရက်နေ့တွင် စာဖြင့် ထုတ်ပြန်လာခြင်းဖြစ်သည်။

အလင်းဝင်ရောက်ခြင်းမရှိသည့် Non- CDM ဝန်ထမ်းများကို တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူအပြစ်ပေးသွားမည်ဖြစ်ကြောင်း မင်းတပ် (ပအဖ) က အသိပေးထုတ်ပြန်သည်။

CDF- မင်းတပ်သည် ချင်းညီနောင်အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စခန်းသိမ်းတိုက်ပွဲများ ပူးပေါင်းဆင်နွှဲသွားရန် အစီအစဉ် ရှိသည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမာန်က ခေါ်နုသုန်းသတင်းဌာကို ယနေ့ အင်တာဗျူးတွင် ဖြေဆိုထားသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက် မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်အနီးက နှစ်သစ်၏ ပထမဆုံးတိုက်ပွဲတွင် စစ်ကောင်စီမှ ဗိုလ်မှူးတစ်ဦးကို စနိုက်ဘာဖြင့် ထိမှန်အောင် ပစ်ချနိုင်ခဲ့သည်ဟု CDF မင်းတပ်က ယနေ့မှာ သတင်းထုတ်ပြန်သည်။

တိုက်ပွဲနှင့်လက်ရှိစစ်ရေးအခြေအနေဖြင့် ပတ်သက်၍ မေးမြန်းရန် CDF- မင်းတပ်သို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ထိုတိုက်ပွဲအပြီးတွင် စစ်ကောင်စီမှ အရပ်သားနေအိမ် ၂ လုံးကို မီးရှို့ဖျက်စီးခဲ့ပြီး တိုက်နယ် ၄ ဖက်သို့လည်း လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူ့ ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ ၂ ရက်ကလည်း တိုက်နယ် ၄ ဘက်သို့ လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ်ခဲ့ရာ အရပ်သားနေအိမ် ၃ လုံး ထပ်မံ ပျက်စီးခဲ့သည်ဟု သိရသည်။

ချေမှုန်းရေး ရိုင်ဖယ်သေနတ် အလက် ၅၀ အပါအဝင် လက်နက်ခဲယမ်းများ ဝင်ယူနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းအထိ ရရှိရန် ရည်မှန်းထားသည့် Project Mindat 2024 ရန်ပုံငွေ ကမ်ပိန်းကိုလည်း CDF – မင်းတပ်မှ လက်ရှိတွင်‌ ဖော်ဆောင်နေပြီး ပြည်တွင်း/ပြည်ပ ပြည်သူများ ပါဝင်အားဖြည့်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.