Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မင်းပြားမြို့နယ်က ချင်းလူမျိုးများ၏ စပါးစိုက်ခင်းဧကပေါင်းများစွာ ရေကြီးရေလျှံမှုကြောင့် ပျက်စီး၊ အကူအညီများ အရေးတကြီးလိုအပ်နေ

မင်းပြားမြို့နယ်က ချင်းလူမျိုးများ၏ စပါးစိုက်ခင်းဧကပေါင်းများစွာ ရေကြီးရေလျှံမှုကြောင့် ပျက်စီး၊ အကူအညီများ အရေးတကြီးလိုအပ်နေ

0
By Editor on September 20, 2024 Khonumthung

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ထဲက ချင်းလူမျိုးများနေထိုင်သော ကျေးရွာများမှ စပါးစိုက်ခင်း ဧက ၄၀၀ ကျော် ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့ရသည်ဟု သိရသည်။

မင်းပြားမြို့နယ်ထဲက ဒိုင်းသားကျေးရွာ၊ ခွဆုံကျေးရွာ၊ ထိန်ပင်-ပေါက်တောကျေးရွာ၊ ငတာကျေးရွာနှင့် ချောင်းတို ကျေးရွာ စသည့် ကျေးရွာ ၅ ရွာသည် ဩဂုတ်လနှင့် စက်တင်ဘာလမှာ နှစ်ကြိမ်ရေကြီးမှုဒဏ်ခံခဲ့ရသည်ဟု သိရသည်။

လေးမြို့မြစ်ရေ နှင့် ပန်းမြောင်းကြီးချောင်းတို့ရေကြီးမှုကြောင့် ဩဂုတ်လ ၁ ရက်မှ ၉ ရက်နေ့အထိတစ်ကြိမ် စက်တင် ဘာလ ၉ ရက်မှ ၁၆ ရက်နေ့အထိ တစ်ကြိမ် ရေကြီးမှုဒဏ် နှစ်ကြိမ်ခံခဲ့ရသည်ဟု သိရသည်။

ထိုရေကြီးမှုကြောင့် ဒိုင်းသားကျေးရွာမှာ စပါးစိုက်ခင်း ၂၃ ဧက၊ ခွဆုံကျေးရွာတွင် ဧက ၂၀၀ ကျော်၊ ထိန်ပင်-ပေါက်တောကျေးရွာတွင် ဧက ၂၀ ကျော်၊ ငတာကျေးရွာတွင် ဧက ၂၀ နှင့် ချောင်းတိုကျေးရွာက စပါးစိုက်ခင်း တို့ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ယင်းဒေသမှာ နေထိုင်သူတစ်ဦးကပြောသည်။

ပျက်စီးသွားသော စပါးစိုက်ခင်များကို အောက်တိုဘာလမကုန်ခင်အထိ မြေဩဇာများပြန်ကြဲနိုင်မည်ဆိုပါက ပြန်လည် ကောင်းလာနိုင်သော်လည်း အချိန်မှီလုပ်ဆောင်ခြင်းမရှိပါက စိုက်ခင်းများအားလုံးပျက်စီးသွားနိုင်သည်ဟု ဆိုသည်။

မြေဩဇာတစ်အိပ်မှာ ကျပ်ငွေ ၅ သိန်းခန့်ရှိနေသည့်အတွက် ရေဘေးသင့်ခဲ့ရသော ဒေသခံချင်းပြည်သူများအနေဖြင့် မြေဩဇာများ ဝယ်ယူရန်ပင်အခက်အခဲဖြစ်နေကြပြီး အကူအညီအရေးတကြီးလိုအပ်နေကြသည်ဟု သိရသည်။

စပါးစိုက်ခင်းများ အချိန်မှီပြန်လည်ပျိုးထောင်နိုင်ခြင်းမရှိပါက လာမည့်နှစ်အတွက် စားဝတ်နေရေးပို၍ ကြပ်တည်းလာနိုင်သည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.