Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မင်းပြားမြို့နယ်က ချင်းလူမျိုးများ၏ စပါးစိုက်ခင်းဧကပေါင်းများစွာ ရေကြီးရေလျှံမှုကြောင့် ပျက်စီး၊ အကူအညီများ အရေးတကြီးလိုအပ်နေ

မင်းပြားမြို့နယ်က ချင်းလူမျိုးများ၏ စပါးစိုက်ခင်းဧကပေါင်းများစွာ ရေကြီးရေလျှံမှုကြောင့် ပျက်စီး၊ အကူအညီများ အရေးတကြီးလိုအပ်နေ

0
By Editor on September 20, 2024 Khonumthung

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ထဲက ချင်းလူမျိုးများနေထိုင်သော ကျေးရွာများမှ စပါးစိုက်ခင်း ဧက ၄၀၀ ကျော် ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့ရသည်ဟု သိရသည်။

မင်းပြားမြို့နယ်ထဲက ဒိုင်းသားကျေးရွာ၊ ခွဆုံကျေးရွာ၊ ထိန်ပင်-ပေါက်တောကျေးရွာ၊ ငတာကျေးရွာနှင့် ချောင်းတို ကျေးရွာ စသည့် ကျေးရွာ ၅ ရွာသည် ဩဂုတ်လနှင့် စက်တင်ဘာလမှာ နှစ်ကြိမ်ရေကြီးမှုဒဏ်ခံခဲ့ရသည်ဟု သိရသည်။

လေးမြို့မြစ်ရေ နှင့် ပန်းမြောင်းကြီးချောင်းတို့ရေကြီးမှုကြောင့် ဩဂုတ်လ ၁ ရက်မှ ၉ ရက်နေ့အထိတစ်ကြိမ် စက်တင် ဘာလ ၉ ရက်မှ ၁၆ ရက်နေ့အထိ တစ်ကြိမ် ရေကြီးမှုဒဏ် နှစ်ကြိမ်ခံခဲ့ရသည်ဟု သိရသည်။

ထိုရေကြီးမှုကြောင့် ဒိုင်းသားကျေးရွာမှာ စပါးစိုက်ခင်း ၂၃ ဧက၊ ခွဆုံကျေးရွာတွင် ဧက ၂၀၀ ကျော်၊ ထိန်ပင်-ပေါက်တောကျေးရွာတွင် ဧက ၂၀ ကျော်၊ ငတာကျေးရွာတွင် ဧက ၂၀ နှင့် ချောင်းတိုကျေးရွာက စပါးစိုက်ခင်း တို့ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ယင်းဒေသမှာ နေထိုင်သူတစ်ဦးကပြောသည်။

ပျက်စီးသွားသော စပါးစိုက်ခင်များကို အောက်တိုဘာလမကုန်ခင်အထိ မြေဩဇာများပြန်ကြဲနိုင်မည်ဆိုပါက ပြန်လည် ကောင်းလာနိုင်သော်လည်း အချိန်မှီလုပ်ဆောင်ခြင်းမရှိပါက စိုက်ခင်းများအားလုံးပျက်စီးသွားနိုင်သည်ဟု ဆိုသည်။

မြေဩဇာတစ်အိပ်မှာ ကျပ်ငွေ ၅ သိန်းခန့်ရှိနေသည့်အတွက် ရေဘေးသင့်ခဲ့ရသော ဒေသခံချင်းပြည်သူများအနေဖြင့် မြေဩဇာများ ဝယ်ယူရန်ပင်အခက်အခဲဖြစ်နေကြပြီး အကူအညီအရေးတကြီးလိုအပ်နေကြသည်ဟု သိရသည်။

စပါးစိုက်ခင်းများ အချိန်မှီပြန်လည်ပျိုးထောင်နိုင်ခြင်းမရှိပါက လာမည့်နှစ်အတွက် စားဝတ်နေရေးပို၍ ကြပ်တည်းလာနိုင်သည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

CDF – ဟားခါး စစ်စခန်းတစ်ခု ပစ်မှတ်တိတိကျကျဖြင့် ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 လေယာဉ်တို့ဖြင့် ဗုံးကြဲခံရ

မင်းတပ်မြို့ ထပ်မံ ဗုံကြဲခံရပြီး ဒေသခံတချို့ ထိခိုက်မှုများရှိ၊ နေအိမ် ၁၀ လုံးကျော် ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 8, 2026

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

July 8, 2026

ကလေးမြို့ပေါ်တွင် စစ်ဘေးရှောင်လာသော ခမ်းပတ်ဘက်ကဒေသခံများ အကူအညီလိုအပ်နေ

July 7, 2026

တွန်းဇံက စစ်ဘေးရှောင်ထောင်ချီ ဆေးဝါးအပါအဝင် လူသားစာနာအကူအညီများ အရေးပေါ် လိုအပ်နေ

July 7, 2026

CDF – ဟားခါး စစ်စခန်းတစ်ခု ပစ်မှတ်တိတိကျကျဖြင့် ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 လေယာဉ်တို့ဖြင့် ဗုံးကြဲခံရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.