Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီတိုက်ပွဲ စစ်ကောင်စီဘက် ၈ ယောက်သေဆုံး

မတူပီတိုက်ပွဲ စစ်ကောင်စီဘက် ၈ ယောက်သေဆုံး

0
By Editor on January 23, 2023 Headline

မတူပီမြို့နယ် ငလိုင်ကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ ဇန်နဝါရီလ ၂၁ ရက်တွင် တိုက်ပွဲသုံးကြိမ်ဖြစ်ပွားကာ စစ်ကောင်စီဘက်က ၈ ယောက်သေဆုံးပြီး ၅ ယောက်ထက်မနည်းဒဏ်ရာရရှိခဲ့ သည်ဟု သိရသည်။

ဟားခါး-မတူပီကားလမ်းမပေါ်ရှိ CDF-Matupi တပ်ရင်း (၂) ထိန်းချုပ်နယ်မြေတွင် ယနေ့ညနေပိုင်း ၂ နာရီမှ ၄ နာရီအထိတိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်ပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိပဲ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံ အာရွန်က ပြောသည်။

“သူတို့ဘက်ကတော့ လက်နက်ခဲယမ်းကအစ သာလွန်တဲ့အရာ ဖြစ်တဲ့အတွက်ကြောင့် ချက်ချင်းဆိုသလိုပေါ့ ရှိသမျှ လက်နက်ခဲယမ်းနဲ့၊ လက်နက်ကြီးတွေနဲ့ တောက်လျှေက်ပြန်ပြီးတော့ ခုခံတယ်၊ ကျွန်တော်ဘက်ကတော့ ဒီ Operation ပြီးတာနဲ့ ပြန်ဆုတ်ခွာလာရတယ်” ဟု အာရွန်ကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့သည် ငလိုင်ကျေးရွာနှင့် ခရိုင်ရုံးအကြားတွင်တစ်ကြိမ်၊ ခရိုင်ရုံး အိုးအိမ်ကုန်းထိပ်တွင်တစ်ကြိမ်၊ ဖနိုင်ဘုန်းကြီးကျောင်းတွင်တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် ဖြစ်ပွားခဲ့ကြခြင်းဖြစ်ပြီး ထိုတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်ကြသော CDF-Matupi၊ CDF-Mara နှင့် CDF-Zotung ပူးပေါင်းတပ်ဖွဲ့တို့ ပါဝင်ကြသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းတုန်းကလည်း ငလိုင်ကျေးရွာအနီးရှိ CDF-Matupi ရှေ့တန်းစခန်းကို အင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့သောကြောင့် တိုပ်ပွဲဖြစ်ခဲ့ကြရာ CDF-Matupi မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး၊ မော်တော်ဆိုင်ကယ် ၁၁ စီး၊ လက်ကိုင်ဖုန်း ၇ လုံး၊ မောင်းပြန်ကျည် အမြောက်အများနှင့် မြန်မာကျပ်ငွေ ၁၅ သိန်းခန့် လက်လွှတ်ဆုံးရှုံးခဲ့ရသည်ဟု CDF-Matupi က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။

မတူပီမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်လာနေပြီး မိဘပြည်သူများအနေဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များအား တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီကြရန် CDF-Matupi တပ်ဖွဲ့က တောင်းဆိုထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.