Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီတိုက်ပွဲ CDF-Matupi က ရဲဘော်တစ်ဦးကျဆုံး၊ သေနတ် ၄ လက်နှင့် ကျည်ဆံအမြောက်များ ဆုံးရှုံး

မတူပီတိုက်ပွဲ CDF-Matupi က ရဲဘော်တစ်ဦးကျဆုံး၊ သေနတ် ၄ လက်နှင့် ကျည်ဆံအမြောက်များ ဆုံးရှုံး

0
By Editor on January 17, 2023 Headline

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ် ငလိုင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် CDF-Matupi တပ်ဖွဲ့အကြားဖြစ်ပွားသည့် တိုက်ပွဲတွင် CDF-Matupi က ရဲဘော်တစ်ဦးကျဆုံးပြီး သေနတ် ၄ လက်နှင့် ကျည်ဆံအမြောက်များ ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်း ၉ နာရီခန့်က မတူပီ-ဟားခါးလမ်းမပေါ်ရှိ ငလိုင်ကျေးရွာကို အင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာတွင် CDF-Matupi တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။

ယင်းတိုက်ပွဲတွင် CDF-Matupi မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး မောင်းပြန် (M4) သေနတ် ၂ လက်၊ ခါးချိူးသေနတ် ၂ လက်၊ မော်တော်ဆိုင်ကယ် ၁၁ စီး၊ လက်ကိုင်ဖုန်း ၇ လုံး၊ မောင်းပြန်ကျည် အမြောက်အများနှင့် မြန်မာကျပ်ငွေ ၁၅ သိန်း လက်လွှတ်ဆုံးရှုံးခဲ့ရသည်ဟု CDF-Matupi က ယနေ့ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။

“ကျွန်တော်တို့ထက် သာလွန်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ ဒီရှေ့တန်း Post ကို နည်းနည်းလေး ပြန်ပြီးတော့ ဆုတ်ခွာလိုက်ရတယ်” ဟု CDF- Matupi တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ အာရွန်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ငလိုင်ကျေးရွာက လူနေအိမ်များကိုလည်း ဖောက်ထွင်းကာ ယနေ့ဇန်နဝါရီလ ၁၆ ရက်နေ့မနက် ပိုင်း ၇ နာရီခန့်တွင် အိမ်သုံးလုံးကို စက်ကြီးနှင့်ဖြိုခွင်း၍ နှစ်လုံး မီးရှို့ဖျက်ဆီးခဲ့သည်ဟု CDF-Matupi က ဆိုသည်။

ငလိုင်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်ကလည်း တစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.