Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီတွင် ဒေသခံပြည်သူ ၂ ဦး မိုင်းနင်းမိ၍ ခြေတဖက်စီပြတ်

မတူပီတွင် ဒေသခံပြည်သူ ၂ ဦး မိုင်းနင်းမိ၍ ခြေတဖက်စီပြတ်

0
By Editor on July 9, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့နယ် ဝလံတဲရွာနှင့် ကုလားရွာတို့မှာ ဒေသခံပြည်သူ ၂ ဦးသည် မြေမြှုပ်မိုင်းကြောင့် ဘယ်ခြေတဖက်စီ ပြတ်သွားပြီး ၁ ဦးမှာ ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဝလံတဲရွာရဲ့ အစွန်မှာပေါ့နော်။ ဘောလုံးကွင်းမှာ မိုင်းနင်းမိတာပါ။ ပြည်သူသွားတဲ့ လမ်း၊ တောင်ယာသွားတဲ့ လမ်းပါပဲ။ ကုလားကျေးရွာမှာ မိုင်းနင်းမိတာလည်း ရွာဟောင်းနဲ့ ရွာသစ်ကြားပဲ။ ရွာအနားလေးမှာပဲ မိုင်းနင်းမိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင်လ ၈ ရက် ညနေ ၃ နာရီခန့်က ဝလံတဲကျေးရွာအစွန်က ဘောလုံးကွင်းတွင် ဒေသခံကျေးရွာသား ဦးတွီမိုးသည် မြေမြှုပ်မိုင်း နင်းမိခဲ့ပြီး ဘယ်ဖက်ခြေထောက် ပြတ်သွားကာ ညာခြေထောက်တွင်လည်း ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း ဒေသခံ ကျေးရွာသား တစ်ဦးက ပြောသည်။

ယမန်နေ့က ညနေပိုင်းတွင်လည်း ကုလားရွာအဝင်လမ်း၏ ရွာဟောင်းလမ်းပေါ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲ သောကြောင့် ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးထဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလောင်မန်းသည် ဘယ်ခြေတစ်ဖက်ပြတ် သွားခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်မောင်းနှင်သူဖြစ်သည့် CDM ကျောင်းဆရာ ဦးခေါင်ဘွေးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံဘက်တွင် ဆေးဝါးကုသနိုင်ရန်အတွက် ဒဏ်ရာရရှိသူ ၂ ဦးကို ထမ်းစင်များ အသုံးပြု၍ သယ်ဆောင်သွား နေကြကြောင်း၊ ကား မရှိသောကြောင့် အခက်အခဲများစွာ ဖြစ်နေကြောင်းသိရသည်။

ဝလံတဲကျေးရွာနှင့် ကုလားကျေးရွာထဲတွင် CDF- မတူပီ၊ တပ်မဟာ – ၁ နှင့် အာရက္ခတပ်တော် (ULA/AA) တို့ စခန်းချထား ကြောင်း သိရသည်။

မြေမြှုပ်မိုင်းများမှာ CDF- မတူပီ၊ တပ်မဟာ – ၁ နှင့် အာရက္ခတပ်တော် (ULA/AA) တို့က ထောင်ထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသော်လည်း ခိုနူမ်းသုန်းအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ဇူလိုင် ၆ ရက်ကလည်း ကုလားရွာမှ CDM ကျောင်းဆရာ ဦးခေါင်ဘွေးသည် ရွာသို့ ပစ္စည်းယူရန် ဆိုင်ကယ်ဖြင့် သွားရောက်စဉ် မြေမြှုပ်မိုင်းကြောင့် ညာခြေထောက်နှင့် လက်မောင်းတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ပြီခဲ့သည့် ရက်ပိုင်းအတွင်း ကုလားရွာနှင့် ဝလံပီးကျေးရွာတို့တွင် ချင်းလဲန်းကောင်စီပူးပေါင်းတပ်များနှင့် ချင်းညီနောင်၊ အာရက္ခတပ်တော် (AA/ ULA) မဟာမိတ်တပ်များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.