Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီတွင် ဒေသခံပြည်သူ ၂ ဦး မိုင်းနင်းမိ၍ ခြေတဖက်စီပြတ်

မတူပီတွင် ဒေသခံပြည်သူ ၂ ဦး မိုင်းနင်းမိ၍ ခြေတဖက်စီပြတ်

0
By Editor on July 9, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့နယ် ဝလံတဲရွာနှင့် ကုလားရွာတို့မှာ ဒေသခံပြည်သူ ၂ ဦးသည် မြေမြှုပ်မိုင်းကြောင့် ဘယ်ခြေတဖက်စီ ပြတ်သွားပြီး ၁ ဦးမှာ ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဝလံတဲရွာရဲ့ အစွန်မှာပေါ့နော်။ ဘောလုံးကွင်းမှာ မိုင်းနင်းမိတာပါ။ ပြည်သူသွားတဲ့ လမ်း၊ တောင်ယာသွားတဲ့ လမ်းပါပဲ။ ကုလားကျေးရွာမှာ မိုင်းနင်းမိတာလည်း ရွာဟောင်းနဲ့ ရွာသစ်ကြားပဲ။ ရွာအနားလေးမှာပဲ မိုင်းနင်းမိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင်လ ၈ ရက် ညနေ ၃ နာရီခန့်က ဝလံတဲကျေးရွာအစွန်က ဘောလုံးကွင်းတွင် ဒေသခံကျေးရွာသား ဦးတွီမိုးသည် မြေမြှုပ်မိုင်း နင်းမိခဲ့ပြီး ဘယ်ဖက်ခြေထောက် ပြတ်သွားကာ ညာခြေထောက်တွင်လည်း ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း ဒေသခံ ကျေးရွာသား တစ်ဦးက ပြောသည်။

ယမန်နေ့က ညနေပိုင်းတွင်လည်း ကုလားရွာအဝင်လမ်း၏ ရွာဟောင်းလမ်းပေါ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲ သောကြောင့် ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးထဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလောင်မန်းသည် ဘယ်ခြေတစ်ဖက်ပြတ် သွားခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်မောင်းနှင်သူဖြစ်သည့် CDM ကျောင်းဆရာ ဦးခေါင်ဘွေးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံဘက်တွင် ဆေးဝါးကုသနိုင်ရန်အတွက် ဒဏ်ရာရရှိသူ ၂ ဦးကို ထမ်းစင်များ အသုံးပြု၍ သယ်ဆောင်သွား နေကြကြောင်း၊ ကား မရှိသောကြောင့် အခက်အခဲများစွာ ဖြစ်နေကြောင်းသိရသည်။

ဝလံတဲကျေးရွာနှင့် ကုလားကျေးရွာထဲတွင် CDF- မတူပီ၊ တပ်မဟာ – ၁ နှင့် အာရက္ခတပ်တော် (ULA/AA) တို့ စခန်းချထား ကြောင်း သိရသည်။

မြေမြှုပ်မိုင်းများမှာ CDF- မတူပီ၊ တပ်မဟာ – ၁ နှင့် အာရက္ခတပ်တော် (ULA/AA) တို့က ထောင်ထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသော်လည်း ခိုနူမ်းသုန်းအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ဇူလိုင် ၆ ရက်ကလည်း ကုလားရွာမှ CDM ကျောင်းဆရာ ဦးခေါင်ဘွေးသည် ရွာသို့ ပစ္စည်းယူရန် ဆိုင်ကယ်ဖြင့် သွားရောက်စဉ် မြေမြှုပ်မိုင်းကြောင့် ညာခြေထောက်နှင့် လက်မောင်းတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ပြီခဲ့သည့် ရက်ပိုင်းအတွင်း ကုလားရွာနှင့် ဝလံပီးကျေးရွာတို့တွင် ချင်းလဲန်းကောင်စီပူးပေါင်းတပ်များနှင့် ချင်းညီနောင်၊ အာရက္ခတပ်တော် (AA/ ULA) မဟာမိတ်တပ်များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အိုင်ဇောလ်ချင်းငြိမ်းချမ်းရေးညီလာခံမှာ CC နှင့် ICNCC တို့ကို CPRI က သီးခြားစီတွေ့ဆုံဆွေးနွေး

ကန်ပက်လက်က စစ်ရှောင်စခန်း ဗုံးကြဲခံရပြီး အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိ

၅ ကြိမ်မြောက် ဖလမ်းမြို့ နေရပ်ပြန်ရေး ခရီးစဉ်ကို လာမည့် ဩဂုတ် ၂၇ ရက်တွင် ပြန်လည်စတင်မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

August 21, 2026

အိုင်ဇောလ်ချင်းငြိမ်းချမ်းရေးညီလာခံမှာ CC နှင့် ICNCC တို့ကို CPRI က သီးခြားစီတွေ့ဆုံဆွေးနွေး

August 20, 2026

ကန်ပက်လက်က စစ်ရှောင်စခန်း ဗုံးကြဲခံရပြီး အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိ

August 20, 2026

မီဇိုရမ်ပြည်နယ်က ၁၅ နှစ်အရွယ်ကျောင်းသူကို သတ်ဖြတ်သူ ၂ ဦးကို ရဲတပ်ဖွဲ့ကဖော်ထုတ်ဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.