Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီအရေးနှင့်ပတ်သက်၍ CDF-Matupi တပ်မဟာ ၁ နှင့် ၂ ခေါင်းဆောင်များ အမြန်ဆုံး ငြိမ်းချမ်းရေးအဖြေရှာရန် တောင်းဆို

မတူပီအရေးနှင့်ပတ်သက်၍ CDF-Matupi တပ်မဟာ ၁ နှင့် ၂ ခေါင်းဆောင်များ အမြန်ဆုံး ငြိမ်းချမ်းရေးအဖြေရှာရန် တောင်းဆို

0
By Editor on June 24, 2024 Headline

(004SS)

ချင်းပြည်နယ်၊ တောင်ပိုင်း မတူပီမြို့နယ်အတွင်း လက်ရှိဖြစ်ပွားနေသော စစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် CDF-Matupi တပ်မဟာ ၁ နှင့် တပ်မဟာ ၂ ခေါင်းဆောင်များအနေဖြင့် စားပွဲဝိုင်းတွင် အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးကာ ငြိမ်းချမ်းစွာဖြေရှင်းကြရန် မတူပီလက်နက်ကိုင်တပ်ဖွဲ့များအတွက် ရန်ပုံငွေရှာဖွေပေးနေသော CDF-Matupi Fundraising Committee က တိုက်တွန်းတောင်းဆိုလိုက်သည်။

မတူပီမြို့သိမ်းတိုက်ပွဲနှင့် ပတ်သက်၍ CDF-Matupi တပ်မဟာ (၁) နှင့် တပ်မဟာ (၂) အပြင်၊ ၎င်းတို့နှင့် ပတ်သက်သည့် အစုအဖွဲ့အချင်းချင်းကြား သဘောထားကွဲလွဲမှုမှတစ်ဆင့် သွေးထွက်သံယို ပဋိပက္ခ အဆင့်အထိ ဖြစ်ပွါး နေသည်ကို မြင်တွေ့ရသဖြင့် အထူး စိုးရိမ်စိတ်မကောင်း ဖြစ်ရသည်ဟု CDF-Matupi Fundraising Committee က ဇွန်လ ၂၃ ရက်နေ့ကကြေညာချက်ထုတ်ပြန်သည်။

မတူ(Matu)တစ်မျိုးသားလုံး၏ စည်းလုံးညီညွှတ်ရေးကို ဦးထိပ်ထားလျက်၊ လက်ရှိဖြစ်ပွါးနေသော ပဋိပက္ခ များအား CDF-Matupi တပ်မဟာ (၁) နှင့် CDF-Matupi တပ်မဟာ (၂) ၏ ခေါင်းဆောင်များအနေဖြင့် စားပွဲဝိုင်းတွင် (အမြန်ဆုံး) တွေ့ဆုံဆွေးနွေးကာ၊ ငြိမ်းချမ်းစွာ ဖြေရှင်းကြလေးလေးနက်နက်တိုက်တွန်းသည်ဟု CDF-Matupi Fundraising Committee ၏ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ပြည်တွင်း ပြည်ပရှိ မတူ(Matu)ပြည်သူ လူထုများမှလည်း မတူ(Matu)တစ်မျိုးသားလုံး၏ စည်းလုံးညီညွှတ်မှုကို ထိန်းသိမ်းကြရန်၊ လူမျိုးရေး အမုန်းတရားများ ပြန့်ပွါးခြင်းအား ဦးတည်စေမည့် အရေးအသားများ၊ ပြောဆိုမှုများကို ရှောင်ကြဉ်ပေးကြပါရန် CDF-Matupi Fundraising Committee က မေတ္တာရပ်ခံထားသည်။

CDF-Matupi Fundraising Committee သည် နိုင်ငံတကာရောက် မတူလူငယ်များ စုပေါင်း၍၊ နွေဦးတော်လှန်ရေးတွင် ရှေ့တန်းမှ တိုက်ပွဲဝင်နေကြသော CDF-Matupi အား ရန်ပုံငွေ ရှာဖွေခြင်းဖြင့်၊ တစ်စိုက်မတ်မတ် ပံ့ပိုးကူညီရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြသည်။

မတူ(Matu)တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ဦးထိပ်ထားလျက်၊ စတင်ဖွဲ့စည်းချိန်မှ စ၍ ယနေ့အချိန်ထိ (၂) နှစ်တာ ကာလအတွင်း ရရှိထားသော ရန်ပုံငွေများအား တပ်ရင်းအားလုံးအတွက် ရည်ရွယ်ပြီး CDF-Matupi ဗဟိုသို့ တိုက်ရိုက်ပံ့ပိုးလာခဲ့သည်ဟု သိရသည်။

CDF-မတူပီတွင် တပ်မဟာ ၁ နှင့် ၂ ရှိနေပြီး တပ်မဟာ ၁ သည် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပြီး တပ်မဟာ ၂ သည် ချင်းလဲန်းကောင်စီအဖွဲ့ဝင်ဖြစ်သည်။

ဇွန်လ ၉ ရက်နေ့မှစ၍ ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့က မတူပီမြို့စစ်ဆင်ရေးကို စတင်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၁၇ ရက်တွင် ခမရ ၃၀၄ တပ်ရင်းကို အပြီးသတ် သိမ်းနိုင်ခဲ့သည်။

ထို့နောက် ကျန်ရှိသော မတူပီမြို့ စစ်ကောင်စီ ဗျူဟာကုန်းနှင့် ခလရ ၁၄၀ တို့ကို သိမ်းယူနိုင်ရေးအတွက် ချင်းလဲန်း ကောင်စီတပ်ဖွဲ့များနှင့် ချင်းညီနောင်တပ်ဖွဲ့တို့ကြား အငြင်းပွားမှုဖြစ်ပွားပြီးနောက် ချင်းလက်နက်ကိုင်အချင်းချင်းကြား ဇွန်လ ၁၈ ရက်နေ့မနက်ပိုင်းကစ၍ နှစ်ဘက် ထိခိုက်သေဆုံးမှုရှိခဲ့သည်အထိ အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ချင်းလဲန်းကောင်စီတပ်ဖွဲ့နှင့် ချင်းညီနောင်တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် မတူပီမြို့ပေါ်က ကျန်ရှိနေသေးသော စစ်ကောင်စီ၏ ဗျူဟာကုန်းနှင့် ခလရ ၁၄၀ တပ်ရင်းတို့ကို ယနေ့ချိန်ထိ သိမ်းပိုက်နိုင်ခြင်းမရှိကြကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.