Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီအရေးနှင့်ပတ်သက်၍ CDF-Matupi တပ်မဟာ ၁ နှင့် ၂ ခေါင်းဆောင်များ အမြန်ဆုံး ငြိမ်းချမ်းရေးအဖြေရှာရန် တောင်းဆို

မတူပီအရေးနှင့်ပတ်သက်၍ CDF-Matupi တပ်မဟာ ၁ နှင့် ၂ ခေါင်းဆောင်များ အမြန်ဆုံး ငြိမ်းချမ်းရေးအဖြေရှာရန် တောင်းဆို

0
By Editor on June 24, 2024 Headline

(004SS)

ချင်းပြည်နယ်၊ တောင်ပိုင်း မတူပီမြို့နယ်အတွင်း လက်ရှိဖြစ်ပွားနေသော စစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် CDF-Matupi တပ်မဟာ ၁ နှင့် တပ်မဟာ ၂ ခေါင်းဆောင်များအနေဖြင့် စားပွဲဝိုင်းတွင် အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးကာ ငြိမ်းချမ်းစွာဖြေရှင်းကြရန် မတူပီလက်နက်ကိုင်တပ်ဖွဲ့များအတွက် ရန်ပုံငွေရှာဖွေပေးနေသော CDF-Matupi Fundraising Committee က တိုက်တွန်းတောင်းဆိုလိုက်သည်။

မတူပီမြို့သိမ်းတိုက်ပွဲနှင့် ပတ်သက်၍ CDF-Matupi တပ်မဟာ (၁) နှင့် တပ်မဟာ (၂) အပြင်၊ ၎င်းတို့နှင့် ပတ်သက်သည့် အစုအဖွဲ့အချင်းချင်းကြား သဘောထားကွဲလွဲမှုမှတစ်ဆင့် သွေးထွက်သံယို ပဋိပက္ခ အဆင့်အထိ ဖြစ်ပွါး နေသည်ကို မြင်တွေ့ရသဖြင့် အထူး စိုးရိမ်စိတ်မကောင်း ဖြစ်ရသည်ဟု CDF-Matupi Fundraising Committee က ဇွန်လ ၂၃ ရက်နေ့ကကြေညာချက်ထုတ်ပြန်သည်။

မတူ(Matu)တစ်မျိုးသားလုံး၏ စည်းလုံးညီညွှတ်ရေးကို ဦးထိပ်ထားလျက်၊ လက်ရှိဖြစ်ပွါးနေသော ပဋိပက္ခ များအား CDF-Matupi တပ်မဟာ (၁) နှင့် CDF-Matupi တပ်မဟာ (၂) ၏ ခေါင်းဆောင်များအနေဖြင့် စားပွဲဝိုင်းတွင် (အမြန်ဆုံး) တွေ့ဆုံဆွေးနွေးကာ၊ ငြိမ်းချမ်းစွာ ဖြေရှင်းကြလေးလေးနက်နက်တိုက်တွန်းသည်ဟု CDF-Matupi Fundraising Committee ၏ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ပြည်တွင်း ပြည်ပရှိ မတူ(Matu)ပြည်သူ လူထုများမှလည်း မတူ(Matu)တစ်မျိုးသားလုံး၏ စည်းလုံးညီညွှတ်မှုကို ထိန်းသိမ်းကြရန်၊ လူမျိုးရေး အမုန်းတရားများ ပြန့်ပွါးခြင်းအား ဦးတည်စေမည့် အရေးအသားများ၊ ပြောဆိုမှုများကို ရှောင်ကြဉ်ပေးကြပါရန် CDF-Matupi Fundraising Committee က မေတ္တာရပ်ခံထားသည်။

CDF-Matupi Fundraising Committee သည် နိုင်ငံတကာရောက် မတူလူငယ်များ စုပေါင်း၍၊ နွေဦးတော်လှန်ရေးတွင် ရှေ့တန်းမှ တိုက်ပွဲဝင်နေကြသော CDF-Matupi အား ရန်ပုံငွေ ရှာဖွေခြင်းဖြင့်၊ တစ်စိုက်မတ်မတ် ပံ့ပိုးကူညီရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြသည်။

မတူ(Matu)တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ဦးထိပ်ထားလျက်၊ စတင်ဖွဲ့စည်းချိန်မှ စ၍ ယနေ့အချိန်ထိ (၂) နှစ်တာ ကာလအတွင်း ရရှိထားသော ရန်ပုံငွေများအား တပ်ရင်းအားလုံးအတွက် ရည်ရွယ်ပြီး CDF-Matupi ဗဟိုသို့ တိုက်ရိုက်ပံ့ပိုးလာခဲ့သည်ဟု သိရသည်။

CDF-မတူပီတွင် တပ်မဟာ ၁ နှင့် ၂ ရှိနေပြီး တပ်မဟာ ၁ သည် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပြီး တပ်မဟာ ၂ သည် ချင်းလဲန်းကောင်စီအဖွဲ့ဝင်ဖြစ်သည်။

ဇွန်လ ၉ ရက်နေ့မှစ၍ ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့က မတူပီမြို့စစ်ဆင်ရေးကို စတင်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၁၇ ရက်တွင် ခမရ ၃၀၄ တပ်ရင်းကို အပြီးသတ် သိမ်းနိုင်ခဲ့သည်။

ထို့နောက် ကျန်ရှိသော မတူပီမြို့ စစ်ကောင်စီ ဗျူဟာကုန်းနှင့် ခလရ ၁၄၀ တို့ကို သိမ်းယူနိုင်ရေးအတွက် ချင်းလဲန်း ကောင်စီတပ်ဖွဲ့များနှင့် ချင်းညီနောင်တပ်ဖွဲ့တို့ကြား အငြင်းပွားမှုဖြစ်ပွားပြီးနောက် ချင်းလက်နက်ကိုင်အချင်းချင်းကြား ဇွန်လ ၁၈ ရက်နေ့မနက်ပိုင်းကစ၍ နှစ်ဘက် ထိခိုက်သေဆုံးမှုရှိခဲ့သည်အထိ အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ချင်းလဲန်းကောင်စီတပ်ဖွဲ့နှင့် ချင်းညီနောင်တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် မတူပီမြို့ပေါ်က ကျန်ရှိနေသေးသော စစ်ကောင်စီ၏ ဗျူဟာကုန်းနှင့် ခလရ ၁၄၀ တပ်ရင်းတို့ကို ယနေ့ချိန်ထိ သိမ်းပိုက်နိုင်ခြင်းမရှိကြကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.