Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မရာဒေသခံပြည်သူ ၄ ဦးကို MDF က ထိန်းသိမ်းထားဟုဆို

မရာဒေသခံပြည်သူ ၄ ဦးကို MDF က ထိန်းသိမ်းထားဟုဆို

0
By Editor on July 23, 2025 Headline

(006SV)

ချင်းပြည်နယ်၊ မရာဒေသမှာ ကျေးရွာဥက္ကဌ ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၄ ဦးကို မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ် (MTC/ MDF) က ဖမ်းဆီးထိန်းသိမ်းထားကြောင်း CDF – မရာ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

ဇူလိုင်လ ၁၇ ရက်တွင် မရာဒေသခံ ပြည်သူ ၄ ဦးသည် CDF – မရာကို ထောက်ခံအားပေးနေသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့ ဇူလိုင်လ ၂၃ ရက်အထိ ပြန်လွှတ်မြောက်လာခြင်း မရှိသေးကြောင်း CDF – မရာ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်မှာ ဖမ်းသွားပါတယ်။ CDF-Mara ထောက်ခံလို့၊ သူတို့ကို ဒလန် လို့ စွပ်စွဲပြီးတော့ ဖမ်းဆီးသွားတယ်” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသူများသည် ဆော်မှိန်တိုက်နယ်၊ ဖန်တလန်းကျေးရွာ ကောင်စီဥက္ကဌ ဦးလိုင်ဟူးနှင့်‌ ကျေးရွာကောင်စီအဖွဲ့ဝင် ဦးမာန်ဒို၊ ခွာပိလူကျေးရွာမှ ဦးငွန်ဆန်၊ ဦးရာမှုန်တို့ဖြစ်သည်ဟု သိရသည်။

ယင်းဖမ်းဆီးခံထားရသော ဒေသခံပြည်သူများကို အမြန်ဆုံးပြန်လွှတ်ပေးရန် CDF – မရာက တောင်းဆိုထားသည်။

မရာဒေသခံတချို့ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍လည်း MTC/ MDF ကို ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရပေ။

IMC/ CDF – မရာ ဌာနချုပ် ဧရိယာသို့ MDF သည် အင်အားအလုံးအရင်း စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်ကြောင်းထိုးနေပြီး ဇူလိုင်လ ၁၄ ရက်က ထိတွေ့တိုက်ပွဲတချို့ ဖြစ်ပွားသည်ကြောင်း၊ MDF နှင့်အတူ ULA/AA တပ်ဖွဲ့ပါ ပါဝင်သည်ဟု CDF – မရာက ထုတ်ပြန်ထားသည်။

MTC/ MDF မှ ပြောရေးဆိုခွင့်ရှိသူ R. Lakher ကတော့ မရာဒေသတွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခအတွင်း ULA/ AA ပါဝင်ခြင်း မရှိကြောင်း ဇူလိုင်လ ၂၀ ရက် ပြုလုပ်သော ချင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်းရန်ပုံငွေပွဲမှာ ပြောဆိုသည်။

“အခုအချိန်အထိ ဒီ ပဋိပက္ခ မှာ မဟာမိတ် AA မပါဝင်သေးကြောင်း ပြောလိုပါတယ်။ မရာနယ်မှာ ရွာ ၁၂ရွာရှိတဲ့ အထဲမှာ ၁၀ ရွာကျော်က MTC/MDF ကို ထောက်ခံတဲ့ရွာတွေဖြစ်ပြီး အဲဒီ ဒေသမှာ MTC/MDF ထောက်ခံတဲ့ ပြည်သူတွေရဲ့ တောင်းဆိုချက်ကြောင့် ကွင်းဆင်း သွားရောက်ရာက CDF-Mara နှင့် ထိတွေ့မှုဖြစ်ရတာပါ” ဟု MTC/ MDF မှ ပြောရေးဆိုခွင့်ရှိသူ R. Lakher က ပြောသည်။

မရာဒေသ ပဋိပက္ခတွင် IMC/ CDF – မရာ ဘက်မှ CNF/CNA အပါအဝင် ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်လာလျှင် MTC/MDF ကလည်း ULA/ AA အပါအဝင် အခြားသော မဟာမိတ်တပ်ဖွဲ့များကို ခေါ်မည်ဟု R. Lakher က အသိပေးသည်။

ဇူလိုင်လဆန်းမှ စတင်၍ မရာဒေသတွင် MTC/ MDF နှင့် IMC/ CDF – မရာ တို့က စစ်ရေးတင်းမာလျက်ရှိရာ အချင်းချင်းကြား ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.